၂၀၂၀ မှာ ဈေးကွက်ထဲ ဝင်ဖို့ရှိပါတယ်။

ထိုင်ဝမ်မှာ ကျင်းပနေတဲ့ Computex 2019 မှာ Lenovo ဟာ ကမ္ဘာ့ပထမဆုံး 5G ကွန်ရက် ချိတ်ဆက်နိုင်တဲ့ လက်ပ်တော့တစ်လုံး ပြသသွားပါတယ်။

         Computex 2019 မှာ Lenovo ဟာ Qualcomm ရဲ့ Snapdragon 8cx 5G compute ပလက်ဖောင်းသုံးထားတဲ့ 5G လက်ပ်တော့ကို ပြသခဲ့တာပါ။ ဒီလက်ပ်တော့ကို Project Limitless လို့နာမည်ပေးထားပြီး ကမ္ဘာကျော် အမေရိကန် ချပ်စ်ကုမ္ပဏီ Qualcomm ရဲ့ 5G chipset နည်းပညာနဲ့တရုတ် PC ကွန်ပျူတာကုမ္ပဏီတို့ပူးပေါင်းထုတ်လုပ်လိုက်တဲ့ ပထမဆုံး 5G laptop လည်း ဖြစ်ပါတယ်။



Photo: Digital Trends

         Snapdragon 8cx ဟာ PC ကွန်ပျူတာတွေအတွက် 5G ချိတ်ဆက်မှု built in ပါလာတဲ့ ကမ္ဘာ့ပထမဆုံး 7nm architecture ပလက်ဖောင်းဖြစ်ပါတယ်။ ဒီ processorမှာ ARM Cortex-A76 Kryo 495 Gold core ၄ ခု နဲ့ARM Cortex- A55 Kryo 495 Silver core ၄ ခု န ဲ့အတူ Adreno 680 GPU သုံးထားပါတယ်။ Project Limitless ဟာ download speed အနေနဲ့7Gbps အထိ ဆွဲနိုင်မယ့် Snapdragon X55 5G modem ပါရှိပြီး ဘက်ထရီသက်တမ်းနဲ့performance ပိုင်းမှာ အရင် Snadragon processor သုံး လက်ပ်တော့တွေထက် ပိုပြီး အားကောင်းလာပါတယ်။

         Project Limitless ဟာ ရက်နဲ့ချီ အသုံးခံမယ့် ဘက်ထရီပါလာပြီး အလွန့်ကို မြန်ဆန်တဲ့ မိုဘိုင်း 5G အင်တာနက်အတွေ့အကြုံကို ခံစားရစေမယ့် လက်ပ်တော့ဖြစ်တယ်လို့ကုမ္ပဏီဘက်က ကြေညာထားပါတယ်။ ဒီလက်ပ်တော့အကြောင်းကို Qualcomm နဲ့Lenovo တို့ဘက်မှ အသေးစိတ်အချက်အလက် ထုတ်ပြန်ခြင်း မရှိသေးပေမယ့် လာမယ့် ၂၀၂၀ မှာ ဈေးကွက်တင် ရောင်းချသွားဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က