ပရီမီယံတက်ဘလက်စီးရီးပါ
Nyein Min Wai

Samsung ကုမ္ဗဏီဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 5Gကွန်ရက်ချိတ်ဆက်နိုင်တဲ့ Galaxy Tab S6 5G ဗားရှင်းကို ထုတ်လုပ်နေတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ မိတ်ဆက်သွားခဲ့တဲ့ Galaxy Tab S6 ဟာ optical fingerprint scanner ကို dispaly အောက်မှာ သုံးသွားတဲ့ တက်ဘလက်တစ်ခု ဖြစ်ပြီး မျက်နှာပြင်အရွယ်အစားအနေနဲ့၁၀.၅ လက်မ ပါရှိပါတယ်။ high-end မော်ဒယ်အနေနဲ့ထွက်လာခဲ့တဲ့ Galaxy Tab S6 ဟာ မကြာခင်မှာ 5G ဗားရှင်းအနေနဲ့အဆင့်မြှင့်သွားတော့မှာပါ။


5G ဖုန်းတွေ ဖြစ်တဲ့ Galaxy Fold ၊ Galaxy S10/Note 10 နဲ့Galaxy A90 စတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်နေတဲ့ Samsung အတွက်တော့ 5G တက်ဘလက်တစ်ခု ထုတ်ဖို့ဆိုတာ ဖြစ်နိင်ခြေအတော်လေး များပါတယ်။ GalaxyClub ကနေ ရတဲ့ သတင်းအချက်အလက်တွေအရ 5G ဗားရှင်း Galaxy Tab S6. အကြောင်းကို WiFi Alliance နဲ့ Bluetooth SIG database တို့မှာ တက်လာတယ်လို့ဆိုပါတယ်။

မော်ဒယ်နံပါတ် SM-T866N နဲ့လာပြီး လက်ရှိ ဈေးကွက်ထဲက 5G upgraded ဗားရှင်း ထုတ်ကုန်တွေအတိုင်း ဆက်သွယ်မှူပိုင်းကလွဲပြီး တစ်ခြား ထုတ်ကုန်အပြောင်းအလဲ သိပ်မြင်ရဖို့တော့ မရှိပါဘူး။ Galaxy Tab S6 ဟာ ကမ္ဘာပေါ်မှ ပထမဆုံး HDR10+ display သုံးတဲ့ တက်ဘလက် ဖြစ်ပြီး ဥရောပနဲ့အမေရိကန်ဈေးကွက်တွေမှာ မိတ်ဆက်ထားပါတယ်။

Photo: gsmarena


bezel တွေ ပါးနိုင်သမျှ ပါးထားပြီး အသံစနစ်မှာ Dolby ATMOS နဲ့AKG စနစ်သုံး စပီကာ ၄ လုံး သုံးသွားပါတယ်။ Galaxy S10/S10+ တို့လိုပဲ Snapdragon 855 SoCနဲ့လာပြီး RAM ပမာဏအနေနဲ့6GB ၊ 8GB ဆိုပြီး ထွက်ထားပါတယ်။ storage အနေနဲ့128GB နဲ့256GB နှစ်စား ဝယ်ယူနိုင်ပြီး microSD card ကနေ storage ထပ်တိုးနိုင်မှာပါ။

7040 mAh ဘက်ထရီ ၊ အဆင့်မြှင့်ထားတဲ့ S-Pen အပြင် ကျောဘက်မှာ ultra-wide ကင်မရာတွေ ပါဝင်တဲ့ dual camera စနစ် သုံးထားပါတယ်။ Galaxy Tab S6 ကို အနည်းဆုံး ၆၄၉ ဒေါ်လာ ကနေ အမြင့်ဆုံး ၇၂၉ ဒေါ်လာ ဈေးနဲ့ရောင်းချထားပါတယ်။ 5G ဗားရှင်းအတွက် ဈေးကလည်း တကယ့်ကို premium ဖြစ်လာမှာပါ။


က္က