မိတ်ဆက်မယ့်ရက် မသိရသေးပါဘူး
Nyein Min Wai

အခုချိန်အထိ 48MP ကင်မရာသုံးဖုန်းတွေဟာ ၂၀၁၉ ရဲ့ အကြီးဆုံး စမတ်ဖုန်း Trends တွေထဲက တစ်ခုဖြစ်ပြီး မကြာခင်မှာ 64MP ကင်မရာတွေကို မြင်ရတော့မှာပါ။

           

           Xiaomi ဟာ Samsung ထုတ် 48MP sensor ကင်မရာသုံး Redmi Note 7 နဲ့ဈေးကွက်မှာ ပထမဆုံးမိတ်ဆက်ခဲ့သလို OPPO ရဲ့ sub-brand တစ်ခု ဖြစ်တဲ့ Realme ကလည်း Samsung ရဲ့ အကြီးဆုံးကင်မရာ sensor သစ်ဖြစ်တဲ့ 64MP GW1 sensor ကို သုံးသွားတော့မှာပါ။ Realme India ရဲ့ CEO မက်ဒက်ဟ်ရှက်ဖ်ရဲ့ Twitter မှာ Realme ဖုန်းသစ်နဲ့ရိုက်ထားတဲ့ ပုံတစ်ပုံတင်ထားပါတယ်။

Photo: GSMArena


           ဒီပုံရဲ့ အောက်ခြေ watermark မှာ 64MP AI Quad Camera နဲ့ရိုက်ကူးထားတယ်လို့ဖော်ပြထားပါတယ်။ Realme ဖုန်းသစ်ဟာ Realme ရဲ့ ပထမဆုံး ကင်မရာ ၄ လုံး သုံး စမတ်ဖုန်းဖြစ်သလို ကမ္ဘာပေါ်မှာ ပထမဆုံး 64MP ကင်မရာ သုံးထားတဲ့ စမတ်ဖုန်းလည်း ဖြစ်လာတော့မှာပါ။ Realme ရဲ့ အသစ်ထွက်လာမယ့် ဒီဖုန်းဟာ Samsung ရဲ့ 64MP ISOCELL Bright GW1 ပုံရိပ်အာရုံခံစနစ် သုံးထားပြီး pixel တွေကို ၄ ခုပေါင်းပြီး တစ်ခုတည်း ပေါင်းတဲ့ နည်းပညာ ပါလာတာ ဖြစ်လို့0.8 micron pixel တွေကို 1.6 micron pixel အဖြစ် ပေါင်းပြီး ထုတ်ပေးနိုင်မှာပါ။

           ဒီ sensor ဟာ အလင်းအနားနည်းချိန်မှာ 16MP ပုံတွေ ထုတ်ပေးနိုင်ပြီး နေ့အလင်းရောင်မှာ 64MP ပုံတွေ ရိုက်ကူးပေးနိုင်မှာ ဖြစ်ပါတယ်။ ISOCELL Bright GW1 ဟာ auto-focus နည်းပညာပိုင်းမှာ super phase detection စနစ် ပံ့ပိုးထားပြီး အမှောင်များတဲ့ ပတ်ဝန်းကျင်မှာ အလင်းရောင်ကို ပိုပြီး ရယူနိုင်တဲ့ Dual Conversion Gain (DCG) နည်းပညာနဲ့အရောင်စပ်မှု ပိုကောင်းစေဖို့100 dB အထိ ထုတ်ပေးမယ့် real-time HDR စနစ်များ ပါဝင်မှာပါ။

   
        Photo: IndiaToday



           ဒီGW1 sensor ပါ 64MP ကင်မရာ ဖုန်းတွေကို Xiaomi နဲ့Samsung တို့လည်း ထုတ်လုပ်နေတယ်လို့Android Authority သတင်းမှာ ဖော်ပြထားပေမယ့် Realme ကတော့ ဈေးကွက်မှာ 64MP ကင်မရာဖုန်းတွေကို အရင်ဆုံး မိတ်ဆက်နိုင်တော့မှာပါ။ အိန္ဒိယဈေးကွက်မှာ ကြေညာမယ့် ရက်နဲ့ဒီဖုန်းရဲ့ တစ်ခြား အချက်အလက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ


Author


က္က