ဖေဖော်ဝါရီလထဲမှာ တွေ့ရမှာပါ

     5G ရတဲ့ ဖုန်း ၊ display ကို ခေါက်နိုင် သိမ်းနိုင်မယ့် ဖုန်း ။ နှစ်မျိုးစလုံးပါတဲ့ 5G foldable ဖုန်းကတော့ Huawei က အရင်ဆုံး မိတ်ဆက်ဖို့ရှိပါတယ်။

Photo:androidpolice    



     2GB ၊ 3G ၊ 4G နဲ့5G ကွန်ရက်အားလုံးကို ချပ်စ်တစ်ခုတည်းပေါ်မှာ ပံ့ပိုးမှု ပေးထားတဲ့ ကိုယ်ပိုင် 5G chipset တစ်ခုကို Huawei ဟာ ဘေဂျင်းမှာ ဒီတစ်ပတ်ထဲ မိတ်ဆက်ခဲ့ပါတယ်။ Balong 5000 လို့ခေါ်တဲ့ ဒီ 5G chipset နဲ့ 5G CPE Pro router တို့ကို မိတ်ဆက်ခဲ့တာ ဖြစ်ပြီး ဘယ်လို ကွန်ရက်မျိုးမှာ မဆို အလုပ်လုပ်နိုင်မယ့် ချပ်စ်လည်း ဖြစ်ပါတယ်။

         Balong 5000 ဟာ လိုင်းဆွဲအားကြန့်ကြာချိန်နဲ့ပါဝါသုံးစွဲမှုတို့ကို လျှော့ချပေးတာကြောင့် ဖုန်းဘက်ထရီပါဝါ သက်တမ်းအတွက်ပါ အကောင်းဆုံး ထိန်းညှိပေးနိုင်မယ့် ချပ်စ်လို့ဆိုရမှာပါ။ Balong 5000 ဟာ 5G download speed ကို တယ်လီကွန်းလောကမှာ benchmark အမြင့်ဆုံးနဲ့သုံးနိုင်မယ့် ပထမဆုံး ချပ်စ်ဖြစ်ပြီး ဒေါင်းလုပ်မြန်နှုန်း 4.6Gbps အထိ ဆွဲနိုင်တဲ့ ချစ်လည်း ဖြစ်ပါတယ်။

         5G အတွက် တိုးချဲ့လှိုင်းနှုန်းစဉ်အဖြစ် သုံးတဲ့ ကြိမ်နှုန်းမြင့် mmWave Spectrum ပေါ်မှာဆို Balong 5000 ဟာ ဒေါင်းလုပ် speed အနေနဲ့6.5Gbps အထိ ဆွဲနိုင်မယ်လို့Huawei က ကြေငြာထားပါတယ်။ တစ်နည်းအားဖြင့် လက်ရှိဈေးကွက်ထဲက အမြင့်ဆုံး 4G LTE speed ထက် ၁၀ ဆပိုမြန်မှာလည်း ဖြစ်ပါတယ်။

         Huawei 5G CPE Pro သစ်ကတော့ အိမ်သုံး broadband networks လောကထဲ ဝင်ရောက်လာမယ့် router သစ်ဖြစ်ပြီး 4G နဲ့5G ကြိုးမဲ့ချိတ်ဆက်မှုတွေကို ပံ့ပိုးမှု ပါဝင်ပါတယ်။ 5G ကွန်ရက် နဲ့လိုင်းသုံးမယ်ဆိုရင် 1GB ရှိတဲ့ ရုပ်သံဗွီဒီယိုဖိုင်တစ်ခုကို ၃ စက္ကန့်နဲ့ဒေါင်းလုပ်ချနိုင်ပြီး 8K video တွေကို အထစ်အငေါ့မရှိ live stream ကြည့်နိုင်မှာ ဖြစ်ပါတယ်။ WiFi 6 နည်းပညာနဲ့ချိတ်ဆက်မယ်ဆိုရင် ဒီ 5G CPE Pro ဟာ 4.8Gbps နှုန်း မြန်နှုန်းတင်နိုင်မယ်လို့ဆိုပါတယ်။

Photo: huawei

         Huawei အနေနဲ့5G ကွန်ရက်ဝင်ဖို့အခြေခံအဆောက်အဦတွေနဲ့အဆင်သင့်ဖြစ်နေပြီ ဖြစ်လို့5G ဖုန်းတွေ ထုတ်မလားဆိုတာ မေးခွန်းမဟုတ်တော့ဘူးလို့ပြောနိုင်ပါတယ်။ Huawei ရဲ့ စားသုံးသူစီးပွားရေး လုပ်ငန်းစုဆိုင်ရာ CEO ရစ်ချတ်ယုကတော့ "လာမယ့် ဖေဖော်ဝါရီ ဘာစီလိုနာမှာ ခေါက်သိမ်းနိုင်တဲ့ screen နဲ့5G ဖုန်းကို ကမ္ဘာပေါ်မှာ ပထမဆုံး မိတ်ဆက်ဖို့ကျွန်တော်တို့မျှော်လင့်နေပါတယ်" လို့တရားဝင်ပြောကြားထားပါတယ်။ 5G ခရီးကတော့ အနီးစပ်ဆုံးဖြစ်လာသလို 5G ဖုန်းတွေကလည်း စိတ်လှုပ်ရှားစရာ ထုတ်ကုန်တွေ ဖြစ်လာတော့မှာပါ။      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က