Xiaomi ကလည်း ဒီလိုနည်းပညာကို သုံးသွားဖို့ရှိပါတယ်။

     လာမယ့် ဇွန်လ နောက်ဆုံးပတ်မှာ OPPO ဟာ ထူးခြားတဲ့ စမတ်ဖုန်းသစ်ကို ကြေညာသွားဖို့ရှိပါတယ်။


         ရှန်ဟိုင်းမှာ ကျင်းပမယ့် MWC Shanghai မှာ OPPO ဟာ in-display ကင်မရာနဲ့လာတဲ့ ကမ္ဘာ့ပထမဆုံးဖုန်းကို မိတ်ဆက်ပြသသွားမယ်လို့Android Central သတင်းမှာ ဖော်ပြထားပါတယ်။ OPPO ဟာ မကြာသေးခင်ကပဲ in-display selfie ကင်မရာသုံး နမူနာမော်ဒယ်တစ်ခုကို Twitter မှာ ဗွီဒီယိုတိုတစ်ခုနဲ့တင်ခဲ့ပါတယ်။





         ဒီဗွီဒီယိုထဲက နည်းပညာကို လာမယ့် ဇွန်လ ၂၆ ရက်နေ့ကနေ ၂၉ ရက်အထိ ကျင်းပသွားမယ့် MWC Shanghai မှာ ပြသသွားဖို့ရှိပါတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံး မှန်ပြင်အောက်လက်ဗွေနည်းပညာ ထည့်ထားတဲ့ စမတ်ဖုန်းကိုတော့ Vivo ကနေ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက မိတ်ဆက်သွားခဲ့ပါတယ်။ Vivo ၊ OPPO နဲ့OnePlus စမတ်ဖုန်းအမှတ်တံဆိပ်တွေဟာ BBK Electronics ရဲ့ လက်အောက်က စမတ်ဖုန်းကုမ္ပဏီတွေပါ။

         ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း စမတ်ဖုန်းလောကမှာ ကင်မရာအရည်အသွေးအပြင် ဒီဇိုင်းပိုင်းမှာ ဘောင်မပါတဲ့ bezel-less design ကို ဦးတည်လာခဲ့ပါတယ်။ full screen ဖုန်းတွေအဖြစ် ထုတ်ရာမှာ ရှေ့ကင်မရာနေရာကို ဖျောက်ဖို့အတွက် ဖုန်းကုမ္ပဏီတွေဟာ pop-up ကင်မရာ ၊ slider camera စတဲ့ နည်းပညာ သစ်တွေ သုံးလာခဲ့တာပါ။ မှန်ပြင်အောက် ကင်မရာနည်းပညာကတော့ ရှေ့ကင်မရာကို display အောက်မှာ လုံးဝ ဖျောက်ထားတာမှ ဖြစ်ပြီး ကင်မရာကိုတောင် သာမန်မျက်စိနဲ့မြင်နိုင်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။

         ဒီကင်မရာနည်းပညာသစ်ကို Xiaomi ကလည်း Demo အနေနဲ့စမ်းပြထားတာကြောင့် နောက်ထွက်လာမယ့် Xiaomi ဖုန်းတစ်ချို့မှာလည်း in-display ကင်မရာနည်းပညာကို မြင်ရဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က