ဒီဇိုင်းကတော့ Mate 20 Pro နဲ့ဆင်နေတယ်

     iPhone တွေ ရောင်းအားကျလာကြောင်းကို ကုမ္ပဏီရဲ့ CEO တင်မ်ကွတ်ကိုယ်တိုင်က ဝန်ခံထားပြီ ဖြစ်လို့ဈေးကွက်မှာ ရောင်းအားပြန်တက်အောင် ဘာတွေ ဆက်လုပ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

Photo: 9to5Mac



         စမတ်ဖုန်းသတင်းမုဆိုးတစ်ဦးဖြစ်တဲ့ စတိဗ်ဟမ်းမားစတော့ဖာကတော့ ၂၀၁၉ စက်တင်ဘာမှာ မြင်ရမယ့် iPhone သစ် ၃ မျိုးထဲက တစ်ခုမှာ ကျောဘက်ကင်မရာ သုံးလုံး သုံးသွားမယ်လို့ဆိုပါတယ်။ အိန္ဒိယနည်းပညာသတင်းဌာန Digit နဲ့ပေါင်းပြီး သူဟာ triple lens သုံး iPhone သစ်ရဲ့ render ပုံစံကို တင်ထားပါတယ်။

         iPhone XI လို့သူနာမည်ပေးထားတဲ့ ဒီ iPhone သစ်အကြောင်းနဲ့ပတ်သတ်ပြီး စတိဗ်ဟာ Apple နဲ့တစ်ခြားဖုန်းထုတ်လုပ်သူတွေရဲ့ supply chains တွေကနေ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဒီ render ပုံကို ဖန်တီးခဲ့တာလို့ဆိုပါတယ်။ ထူးခြားတာက သူ့render မှာ ပါတဲ့ iPhone XI ရဲ့ triple lens ပုံစံဟာ Huawei Mate 20 / 20 Pro မှာ မြင်ခဲ့ရတဲ့ ကင်မရာစတိုင်အတိုင်း လေးထောင့်စတုရန်းကွက်ထဲမှာ ကင်မရာ ၃ လုံးနဲ့LED flash တစ်လုံး ထည့်သွင်းထားတဲ့ ပုံစံဖြစ်နေပါတယ်။

         ဒီဖုန်းသစ်မှာ သုံးသွားမယ့် ကင်မရာစနစ်အကြောင်း များများစားစား မသိရပေမယ့် Apple ဟာ အရည်အသွေးမြင့် AR လုပ်ဆောင်ချက်တွေ သုံးနိုင်တဲ့ ToF(Time of Flight) depth sensing စနစ်ကို တီထွင်နေတယ်လို့သတင်းတွေ ထွက်ထားပါတယ်။ ToF ကင်မရာနည်းပညာမျိုးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ထွက်ထားတဲ့ Vivo NEX dual Edition သစ်မှာ သုံးထားပါတယ်။ ဒီစနစ်ဟာ ကင်မရာနဲ့သုံးမီတာ အကွာအဝေးက အရာဝတ္ထုတွေကို 3D ပုံအဖြစ် စကင်ဖတ်နိုင်မှာပါ။

         ဘာပဲဖြစ်ဖြစ် အခုထိ dual cameras တွေပဲ သုံးသေးတဲ့ Apple အနေနဲ့နောက်ထွက် iPhone တွေကို triple lens အဖြစ် အဆင့်မြှင့်လာမယ်ဆိုတာကတော့ ကြိုဆိုရမယ့် အချက်ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်ကတည်းက Apple ဟာ ၂၀၁၉ မှာ triple lens သုံး iPhone မိတ်ဆက်မယ်လို့သတင်းသမားတွေက သုံးသပ်ထားပေမယ့် ကင်မရာဒီဇိုင်းကို ညာဘေးကပ်ထောင်လိုက် သုံးလုံးတွဲစနစ်ပဲ သုံးမယ်လို့ယူဆခဲ့တာပါ။



         Apple ဟာ ၂၀၁၆ ထုတ် iPhone 7 Plus မှာ Dual Rear camera စနစ်ကို စပြီး အသုံးပြုလာတာ ဖြစ်ပါတယ်။ Huawei ကတော့ ၂၀၁၈ ခုနှစ်ထုတ် Huawei P20 Pro ကစပြီး ကျောဘက်ကင်မရာသုံးလုံးတွဲ စနစ်ကို သုံးလာခဲ့ပါတယ်။

      


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က