Huawei Mate 30 series ဖြစ်မယ်လို့ထင်ကြေးပေးနေကြပါတယ်

ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ Huawei သာ 5G chips တွေ ကိုယ်ပိုင် ထုတ်သွားမယ်ဆိုရင် စမတ်ဖုန်းဈေးကွက်ဟာ နောက်တစ်ဆင့်ကို တက်လာပြီလို့ပြောနိုင်ပါပြီ။



 

ဇွန် ၂၇ ကနေ ၂၉ ရက်နေ့အထိ တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ကျင်းပနေတဲ့ MWC ပွဲမှာ Huawei ဟာ လာမယ့် မတ်လကစပြီး 5G chipse တွေ ထုတ်လုပ်ဖို့စီစဉ်ထားပြီး ၂၀၁၉ ဇွန်လကုန်ပိုင်းမှာဆို 5G ဖုန်းတွေကို မိတ်ဆက်နိုင်တော့မယ်လို့ဆိုပါတယ်။ Huawei ရဲ့ CEO အဲရစ်ရှုကတော့ 3GPP (တတိယမျိုးဆက် ပူးပေါင်းမှု ပရောဂျက်) ပရိုတိုကောလ် ခွင့်ပြုချက်အမှတ် ၁၆ အရ ကုမ္ပဏီအနေနဲ့၂၀၁၈ နှစ်ကုန်ပိုင်းမှာ 5G ကွန်ရက်ပေါ်က ချိတ်ဆက်မှု ကြီးမားတဲ့ ပြဿနာနဲ့ဒေတာအမြောက်အများကို ကြန့်ကြာမှုမရှိဘဲ အမြန်သယ်ပို့နိုင်မယ့် အခြေအနေကို အပြည့်အဝ ဖြေရှင်းနိုင်မယ်လို့ယုံကြည်နေပါတယ်။

 

ဆက်စပ်သတင်း >> 5G နည်းပညာ စံသံမှတ်ချက်အတွက် အာရှ ၃ နိုင်ငံ ပူးပေါင်း

 

5G ကွန်ရက်တွေဟာ မိုဘိုင်း ဗွီဒီယို streaming စနစ်နဲ့AR ၊ VR နဲ့Mixed Reality လိုမျိုး အနာဂါတ်နည်းပညာ ဝန်ဆောင်မှုများကိုပါ အဆင့်မြှင့်တင်ပေးနိုင်မှာပါ။ Huawei ဟာ ကမ္ဘာပေါ်မှာ 5G base station ပိုင်ဆိုင်ထားတဲ့ ရှားရှားပါးပါး ကုမ္ပဏီ ၅ ခုထဲမှာ တစ်ခု ဖြစ်ပြီး တရုတ်မှာတော့ ZTE နဲ့Datang Telecom ၊ ဆွီဒင်မှ Ericsson နဲ့ဖင်လန်မှ Nokia တို့ပဲ 5G စမတ်ဖုန်းထုတ်ဖို့အနီးစပ်ဆုံး ဖြစ်နေပါတယ်။

တရုတ်နိုင်ငံမှ တယ်လီကွန်းကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ ZTE ဟာလည်း နောက်နှစ်ဆန်းပိုင်းမှာ 5G စမတ်ဖုန်းသစ်ကို မိတ်ဆက်သွားမယ်လို့ကြေငြာထားပါတယ်။ ZTE ဟာ ၂၀၁၇ MWC ပွဲမှာကတည်းက 5G ကွန်ရက် ချိတ်ဆက်နိုင်တဲ့ Gigabit Phone တစ်လုံးကို ထုတ်ဖော်ပြသခဲ့ဖူးပါတယ်။ ဒီဖုန်းမှာ သုံးထားတဲ့ Modem ဟာ ကမ္ဘာ့ပထမဆုံး Gigabit Class LTE Modem ဖြစ်တဲ့ Snapdragon X16 LTE Modem ဖြစ်ပြီး ဒေါင်းလုပ်ဆွဲမှုအမြန်နှုန်း 1 Gigabit ရှိခဲ့ပါတယ်။

 

သတင်းများအရ Huawei ရဲ့ ပထမဆုံး 5G သုံးနိုင်တဲ့ စမတ်ဖုန်းဟာ Huawei Mate 30 မော်ဒယ်ဖြစ်ဖို့များပြီး 5G ဖုန်းမတိုင်ခင် ၂၀၁၉ နှစ်လယ်ပိုင်းလောက်မှာ Huawei ရဲ့ ပထမဆုံး 5G mobile hotspot ကို ထုတ်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီ 5G mobile hotspot နဲ့စမတ်ဖုန်းအတွက် baseband chips တွေကို ကုမ္ပဏီအတွင်းမှာပဲ ထုတ်လုပ်သွားတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က