PUBG ကို ၉ နာရီနီးပါး တောက်လျှောက်ကစားနိုင်မယ့် 5000 mAh ဘက်ထရီသုံးထားပါတယ်။
Nyein Min Wai

Quad Cameras လို့ခေါ်တဲ့ ကင်မရာ ၄ လုံးတွဲစနစ် ပါတဲ့ ဖုန်းတွေထဲမှာ ဈေးအနည်းဆုံးဖြစ်တဲ့ Realme 5 နဲ့Realme 5 Pro တို့ကို ပြည်တွင်းဈေးကွက်မှာ ဝယ်ယူနိုင်ပြီလို့ဆိုပါတယ်။


Realme ရဲ့ နောက်ဆုံးပေါ်စမတ်ဖုန်းတွေအဖြစ် မိတ်ဆက်လိုက်တဲ့ Realme 5 နဲ့ Realme 5 Pro တို့ဟာ ဘက်ဂျက်ဈေးနဲ့လာတဲ့ ဖုန်းတွေဖြစ်ပါတယ်။ Realme 5 ဟာ RAM 3GB/32GB ROM နဲ့ထွက်ထားပြီး ပြည်တွင်းဈေးကွက်မှာ ၂၂၉၉၀၀ ကျပ်ဈေးနဲ့ရောင်းချနေတာဖြစ်ပြီး Realme 5 series ထဲမှာ ဈေးအသက်သာဆုံး မော်ဒယ်လို့ ဆိုရမှာပါ။


Photo: Realme Myanmar

Leap To Quad Camera ဆိုတဲ့ ဆောင်ပုဒ်အတိုင်း Realme 5 ဟာ ဆန်းသစ်ထူးခြားမှုရှိတဲ့ ကင်မရာ ၄ လုံး စနစ်ကို ဦးတည်မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ ‌Realme 5 ရဲ့ ကျောဘက်မှာ ထောင်လိုက််အနေအထားနဲ့ 12MP main sensor ၊ ၁၁၉ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP ultra-Wide Lens ၊ Unique Retro Portrait ပုံတွေ ရိုက်ကူးနိုင်မယ့် 2MP depth sensor နဲ့၄ စင်တီမီတာအကွာမှာ ရှိတဲ့ ပုံတွေရဲ့ အနုစိတ်မြင်ကွင်းကို ဖမ်းယူပေးမယ့် 2MP macro lens လေးခု သုံးထားတာပါ။

Realme 5 ဟာ မျက်နှာပြင်အကြီးစား ကြိုက်သူတွေ နှစ်သက်မယ့် ၆.၅ လက်မ HD+ IPS display နဲ့လာတာ ဖြစ်ပြီး waterdrop notch သုံးထားပါတယ်။ ဒီ notch ထဲမှာ 13MP selfie ကင်မရာ ပါရှိပြီး FullHD ရုပ်သံတွေကို 30fps နှုန်းနဲ့ဖမ်းယူနိုင်မှာ ဖြစ်ပါတယ်။ Realme 5 ရဲ့ နောက်ထပ် ထူးခြားချက်ကတော့ ဘက်ထရီပါ။


Photo: Trusted Review

ရိုးရိုးဖုန်းတွေမှာ မြင်ရခဲတဲ့ 5000 mAh အကြီးစားဘက်ထရီပါဝါကို သုံးထားတာ ဖြစ်ပြီး standby အဖြစ် မသုံးဘဲ ဒီအတိုင်း ထားမယ်ဆိုရင် ရက်ပေါင်း ၃၀ ခန့်အထိ အထားခံသလို PUBG ဂိမ်းမျိုး ဆက်တိုက်ကစားမယ်ဆိုရင် ၉ နာရီနီးပါး တောက်လျှောက်ကစားနိုင်မယ်လို့ ဆိုပါတယ်။ processor ကိုတော့ Qualcomm ရဲ့ တတိယမျိုးဆက် Snapdragon 665 AIE chipset သုံးထားလို့ သွက်လက်မြန်ဆန်တဲ့ လုပ်ဆောင်ချက်နဲ့ ဂိမ်းကစားမှုအတွေ့အကြုံ ခံစားရမှာပါ။

Realme 5 ကို Crystal Blue နဲ့ Crystal Purple ကာလာ ၂ ရောင်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။


ယခုသတင်းဆောင်းပါးကို Realme Myanmar မှ ကူညီပံ့ပိုးပေးထားပါသည်။


က္က