၁၁၆၉ ဒေါ်လာဈေးနဲ့ရောင်းချသွားမှာပါ
Nyein Min Wai

ဂိမ်မာများအတွက် အထူးရည်ရွယ်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့  Lenovo Legion Y530 Gaming Notebook ကို စက်တင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့ဆူးလေရှန်ဂရီလာဟိုတယ်မှာ မိတ်ဆက်ပြသခဲ့ပါတယ်။

IMG_7761_1280x853.jpg

Photo: KMD Lenovo LEGION Y530 Launch

 

KMD ကုမ္ပဏီလီမိတက်မှ တရားဝင်ဖြန့်ချိရေး ကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ချိသွားမယ့် Lenovo Legion Y530 ဟာ မျက်နှာပြင် ၁၅.၆ လက်မအရွယ်အစား Full HD (1920 x 1080) IPS Anti-Glare ရောင်ပြန်ကာ စနစ်ပါရှိတာကြောင့် ကွန်ပျူတာ အသုံးများသူများမှာ ဖြစ်တတ်တဲ့ မျက်လုံးအောင့်တာ ၊ ကြည့်လို့မကောင်းတာတွေ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ။်

processore ပိုင်းမှာတော့ Intel ရဲ့ နောက်ဆုံးထွက် 8th gen Core i7 (8705H) processor ကို သုံးထားတာပါ။ နောက်ဆုံးပေါ် Processor ရဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့အတူ Nvidia Geforce GTX 1050G DDR5 4GB ဂရပ်ဖစ်ပံ့ပိုးမှု ပါဝင်တာကြောင့် ရုပ်ထွက်ပိုင်းမှာ ချောမွေ့သွက်လက်တဲ့အပြင် ဂိမ်းအတွင်း ကိုယ်တိုင်ဝင်ရောက်နေသလို ခံစားရစေမှာ ဖြစ်ပါတယ်။

သိုလှောင်မှုပမာဏအနေနဲ့မြန်နှုန်းမြင့် DDR4 2666MHz အမျိုးအစား RAM 8GB ပါရှိပြီး onboard storage ပမာဏ HDD 1TB 5400RPM ထည့်သွင်းပေးထားပါတယ်။

Lenovo Legion Y530 Gaming Notebook ဟာ အသံပိုင်းမှာ ဂိမ်မာများအကြိုက် Harman အသံစနစ်ကို Digital Audio ၊ Dolby Home Theater စတဲ့ နည်းပညာများနဲ့တွဲဖက်ပေးထားပါတယ်။ ပတ်ပတ်လည်မှာ ကြားနေရမယ့် ကြည်လင်ပြတ်သားတဲ့ အသံစနစ်များကြောင့် ဂိမ်းကစားရာမှာ ထူးခြားတဲ့ အတွေ့အကြုံ ရရှိမှာပါ။

Gaming Notebook ဖြစ်တာကြောင့် အချိန်အကြာကြီး ဂိမ်းဆော့ရာမှာ စက်အပူလွန်ကဲမှု မဖြစ်စေဖို့အတွက် Cooling System တစ်ခု ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် ဒီ notebook မှာ White backlight ကီးဘုတ်သုံးထားတာကြောင့် ညဘက်နဲ့ခပ်မှောင်မှောင်အနေအထားများမှာ ဂိမ်းဆော့သူများအတွက် ကီးများကို အလွယ်တကူ အသုံးပြုနိုင်မှာပါ။

IMG_7643_1280x853.jpg

Photo: KMD Lenovo LEGION Y530 Launch

 

Lenovo ဟာ Legion Y530 ကို အနက်ရောင်ကာလာနဲ့ထုတ်လုပ်ထားပြီး ၁ နှစ်အာမခံ parts and service ပေးထားတယ်လို့လည်း သိရပါတယ်။ ပြည်တွင်းမှာတော့ ဒီ Gaming Notebook ကို ၁၁၆၉ ဒေါ်လာ ဈေးနဲ့ဝယ်ယူနိုင်မှာပါ။


ဆက်စပ်အကြောင်းအရာများ


က္က