5G ဖုန်းအဖြစ် မြင်ရမှာပါ

LG ဟာ Velvet နာမည်နဲ့ flagship ဖုန်းသစ်တစ်မျိုးကို ကြေညာသွားမှာပါ။

LG Velvet ဟာ ထူးခြားတဲ့ ကင်မရာဖွဲ့စည်းပုံနဲ့ ဖက်ရှင်ကျတဲ့ ဒီဇိုင်းသစ်ကို သုံးမယ့် စီးရီးတစ်ခု ဖြစ်ပါတယ်။ LG Velvet ဟာ ကုမ္ပဏီရဲ့ တစ်ခြားစမတ်ဖုန်းတွေနဲ့ ကွဲပြားတဲ့ ဖုန်း ဖြစ်ပြီး မိုးစက်ပုံစံ ကင်မရာ ဒီဇိုင်းနဲ့ ပိုပြီး သေးငယ်တဲ့ ကင်မရာမှန်ဘီလူး lens တွေ ပါဝင်လာပါတယ်။ ကင်မရာတွေရဲ့ အောက်မှာ LED Flash တစ်ခုလည်း ပါမှာပါ။





LG ဖုန်းသစ်ဟာ ရှေ့နောက် မှန်နှစ်ဖက်စလုံး ကွေးညွှတ်ထားတဲ့ 3D arc designနဲ့ လာပြီး ပရီမီယံဆန်တဲ့ နူးညံ့ချောမွတ်မှု ပုံရိပ်တွေ ဖော်ဆောင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး Velvet လို့ နာမည်ပေးထားတာ ဖြစ်ပါတယ်။ Velvet စီးရီးသစ်ရဲ့ အမြည်းဗွီဒီယိုမှာ tripe lens စနစ်သုံးထားပြီး headphone jack တစ်ခုလည်း ပါလာမယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ရဲ့ ကုန်အမှတ်တံဆိပ်သစ်ဟာ လူတစ်ဦးချင်းစီရဲ့ အကြိုက်နဲ့ ခံစားမှုကို ဒီဇိုင်းအမြင်အရ ပိုကောင်းတဲ့ အလေးပေးမှု လုပ်ပြီး ခေတ်ရေစီးကြောင်းကို ထင်ဟပ်စေမှာပါ။" လို့ LG ရဲ့ ထုတ်ကုန်ဗျူဟာပိုင်း အကြီးတန်း ဒုဥက္ကဌ ချောင်မားက ဆိုပါတယ်။ LG Velvet ဒီဇိုင်းသစ်ဟာ ယခင်က အောင်မြင်ခဲ့တဲ့ Chocolate စီးရီးကို ပြန်အသစ်ဖန်တီးဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ Naver သတင်းက ဖော်ပြထားပါတယ်။

LG Velvet ဖုန်းသစ်ဟာ 5G built-in ပါတဲ့ Snapdragon 765 processor နဲ့ လာပြီး တန်ဖိုးသင့်ဈေးနှုန်းနဲ့ မိတ်ဆက်ဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က