မိတ်ဆက်မယ့်ရက် ထွက်မလာသေးပါဘူး

ဒီနှစ်ထဲမှာ iPhone သစ် ၄ မျိုး ထွက်လာဖို့ ရှိပြီး လေးမျိုးလုံး တပြိုင်တည်း ဈေးကွက်ဝင်ဖို့ မရှိဘူးလို့ သတင်းတွေ ထွက်နေပါတယ်။

Digitimes သတင်းအရ iPhone သစ် လေးမျိုးထဲက နှစ်မျိုးကို အရင်ဈေးကွက်တင် ရောင်းချသွားမှာ ဖြစ်ပြီး ၅.၄ လက်မနဲ့ ၆.၇ လက်မမော်ဒယ် နှစ်မျိုးကတော့ ဈေးကွက်အဝင် နောက်ကျဖို့ ရှိတယ်လို့ ဆိုပါတယ်။ မျက်နှာပြင် ၆.၁ လက်မအရွယ် iPhone 12 မော်ဒယ်နှစ်မျိုးဟာ အောက်တိုဘာလထဲမှာ အရင် ထွက်လာမယ်လို့ သတင်းထွက်ထားပါတယ်။



Photo: GSMArena

၆.၁ လက်မ iPhone မော်ဒယ်နှစ်မျိုးဟာ iPhone 12 Plus နဲ့ iPhone 12 Pro တို့ ဖြစ်ဖို့ ရှိပါတယ်။ ကျန်တဲ့ ၅.၄ လက်မနဲ့ ၆.၇ လက်မ iPhone တွေကတော့ ရိုးရိုးမော်ဒယ် iPhone 12 နဲ့ iPhone 12 Pro Max တို့ ဖြစ်ဖို့ ရှိပြီး သီတင်းပတ်နဲ့ ချီပြီး ဈေးကွက်အဝင် နောက်ကျနိုင်ပါတယ်။

"iPhone သစ်စီးရီးဟာ နှစ်သုတ်ခွဲပြီး ဝင်ဖို့ ရှိပါတယ်။ ၆.၁ လက်မ မော်ဒယ်နှစ်မျိုးက အရင်ဝင်ပြီး ကျန်တဲ့ ၆.၇ လက်မနဲ့ ၅.၄ လက်မတို့ကို နောက်အသုတ်မှာ ဖြန့်ဖို့ ရှိပါတယ်။ ဇူလိုင်လထဲမှာ ၆.၁ လက်မမော်ဒယ်တွေအတွက် SLP mainboards တွေ ပို့ပြီး ကျန်တဲ့ မော်ဒယ်နှစ်မျိုးအတွက်ကို ဩဂုတ်လ ဒုတိယလဝက်မှာ ရောက်တာကို သုံးသပ်တာပါ။" လို့ သတင်းမှာ ဆိုပါတယ်။


Photo: Forbes

iPhone မော်ဒယ်သစ်တွေဟာ iPad Pro လိုမျိုး လေးထောင့်စပ်စပ် အနားဘောင်တွေ သုံးထားပြီး အားလုံးဟာ OLED panel သုံးသွားဖို့ ရှိပါတယ်။ သတင်းတွေအရ iPhone 12 စီးရီးဟာ Apple ရဲ့ 5G ကွန်ရက်ချိတ်ဆက်မှု ပါလာတဲ့ ပထမဆုံး iPhone တွေ ဖြစ်မယ်လို့ ဆိုပါတယ်။

iPhone 12 တွေ မိတ်ဆက်မယ့် ရက်ကို အခုထက်ထိ တရားဝင် မကြားသိရသေးပါဘူး။ နာမည်ကြီး စမတ်ဖုန်း သတင်းသမားတစ်ဦးဖြစ်တဲ့ Jon Prosser ကတော့ အောက်တိုဘာ ၁၂ ရက် သီတင်းပတ်မှာ Apple ဟာ iPhone 12 အထူးပွဲတစ်ခု ကျင်းပသွားဖို့ ရှိတယ်လို့ ပြောထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က