MacBook Air ဈေးချထားပါတယ်။
Nyein Min Wai

MacBook Air ဈေးချပေးပြီး display အဆင့်မြှင့်တင်မှုနဲ့အတူ Apple ဟာ ၁၂ လက်မမော်ဒယ် MacBook ရောင်းချမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။

         ၂၀၁၅ ခုနှစ်က စတင်မိတ်ဆက်ခဲ့တဲ့ ၁၂ လက်မအရွယ် MacBook ကို Apple Store မှာ ဝယ်ယူနိုင်တော့မှာ မဟုတ်ဘူးလို့The Verge သတင်းမှာ ဖော်ပြထားပါတယ်။ MacBook ၁၂ လက်မမော်ဒယ်ဟာ ပါးလွှာပေါ့ပါးပြီး Apple ရဲ့ MacBook ဒီဇိုင်းခေတ်သစ်ကို ဦးဆောင်ခဲ့တဲ့ မော်ဒယ်လို့ဆိုနိုင်ပါတယ်။ ၂ ပေါင်အလေးချိန်ရှိတဲ့ ၁၂ လက်မ MacBook ဟာ စထွက်ကတည်းက ဝေဖန်မှုတွေ ရှိခဲ့တဲ့ လက်တော့ပ် ဖြစ်ပါတယ်။

Photo: MacRumors

         ဒီလက်ပ်တော့ဟာ USB C port ပထမဆုံး သုံးလာတဲ့ လက်ပ်တော့ဖြစ်ပြီး လက်ရှိပြဿနာတက်နေတဲ့ ButterFly keyboard ကို ပထမဆုံး သုံးခဲ့တဲ့ လက်ပ်တော့လည်း ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အလင်းထွက် Apple လိုဂိုကို ဖျောက်ခဲ့တဲ့ ပထမဆုံး လက်ပ်တော့ဆိုလည်း မမှားပါဘူး။ FaceTime ကင်မရာမှာ ရုပ်ထွက် 480p resolution ပဲ ပါတာကလည်း ဒီလက်ပ်တော့ကို ဈေးကွက်က ဖယ်ရှားဖို့ဖြစ်စေခဲ့တယ်လို့သတင်းတွေ ထွက်နေပါတယ်။

         ၁၂ လက်မ MacBook ကို ရောင်းချမှု ရပ်ဆိုင်းလိုက်သလို Retina မပါတဲ့ MacBook Air ကိုလည်း Apple Store တွေကနေ ရောင်းချတော့မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ဒါပေမယ့်လည်း non-Retina MacBook Air ကို ပညာရေးပိုင်းနဲ့လက်လီပြန်ရောင်းတဲ့ Reseller တွေကနေ တစ်ဆင့် ဆက်လက်ရောင်းချဦးမှာပါ။ Apple ၂၀၁၆ မော်ဒယ် MacBook Pro နဲ့၂၀၁၈ မော်ဒယ် MacBook Air တို့ကိုလည်း အဆင့်မြှင့်တင်မှု လုပ်ဆောင်ထားပါတယ်။

Photo: theapplepost

         Touch Bar ပါလာတဲ့ ဒီလက်ပ်တော့တွေဟာ အရင် dual core CPU ကနေ Intel Core i5 quad core 8th gen processor သစ်နဲ့ပြောင်းလာခဲ့ပြီး Touch ID သုံးလာပါတယ။် ၁၃ လက်မ MacBook Pro ရဲ့ အနိမ့်ဆုံးမော်ဒယ် 128GB SSD ကို ဒေါ်လာ ၁၃၀၀ ( မြန်မာငွေ ၁၉ သိန်းခွဲကျော်) နဲ့ရောင်းချသွားမှာ ဖြစ်ပြီး ဒီ MacBook Pro တွေမှာ Butterfly Keyboard ပဲ ဆက်သုံးထားပါတယ်။

         ကျောင်းသားသုံးအဖြစ် ရည်ရွယ်ထားတဲ့ MacBook Air ကိုတော့ ဒေါ်လာ ၁၀၀ ဈေးချထားပြီး base model ကို ဒေါ်လာ ၁၀၀၀ ( မြန်မာငွေ ၁၅ သိန်းကျော်)ဈေးကနေ စတင် ရောင်းချသွားမှာပါ။ MacBook Air နဲ့Pro တို့ဟာ screen ရဲ့ အရောင်အနုအရင့်ကို အလိုလို ချိန်ညှိပေးမယ့် Retina display နဲ့လာတာ ဖြစ်ပါတယ်။ခ


ဆက်စပ်အကြောင်းအရာများ


က္က