SMS ကနေ ပိုက်ဆံတောင်းနေမယ့် malware ပါ
Nyein Min Wai

     ယေဘုယျအားဖြင့် Apple ရဲ့ App Store ဟာ Google Play Store ထက် လုံခြုံရေးပိုမြင့်တယ်ဆိုပေမယ့် အခုချိန်မှာ iOS ဂိမ်း app ၁၄ ခုမှာ လုံခြုံရေးပြဿနာရှိနေတယ်လို့ဆိုပါတယ်။

Photo: Tech Crunch



         Wandera မှ လုံခြုံရေးကျွမ်းကျင်ပညာရှင်များမှ တွေ့ရှိခဲ့တာ ဖြစ်ပြီး ဒီဂိမ်း app ၁၄ ခုစလုံးဟာ Golduck malware ကို ထိန်းချုပ်ဖို့သုံးထားတဲ့ ဆာဗာတစ်ခုတည်းနဲ့ချိတ်ဆက်နေတာလို့ပြောပါတယ်။ Golduck ဟာ နာမည်ကြီး classic ဂိမ်းအက်ပလီကေးရှင်းတွေကို ကူးစက်စေတဲ့ အန်းဒရိုက် malware တစ်ခုလည်း ဖြစ်ပါတယ်။

         Google Play Store မှာတော့ retro နဲ့classic ဂိမ်းတွေကို ကူးစက်ရာကနေ Appthority မိုဘိုင်း app လုံခြုံရေးအဖွဲ့အစည်းကနေ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က တွေ့ရှိထားတာပါ။ ဒီ malware ဟာ တကယ့်အချက်အလက်အစစ်အမှန်ယောင်ဆောင်ပြီး နောက်ကွယ်ကနေ ကုဒ်တွေကို သူကူးစက်တဲ့ ထုတ်ကုန်ထဲကို တိတ်တဆိတ် ထည့်သွင်းတာပါ။ နောက်ပိုင်းမှာ premium SMS လိုမျိုး မက်လုံးပေး မက်ဆေ့တွေ ပို့ပြီး သုံးစွဲသူဖုန်းထဲက ပိုက်ဆံတွေ နှိုက်ယူတာ ဖြစ်ပါတယ်။

         လက်ရှိမှာ ဒီ malware တိုက်ခိုက်ခံရတဲ့ သုံးစွဲသူပေါင်း ၁၀ သန်း ကျော် ရှိထားတယ်လို့ဆိုပါတယ်။ Wandera မှ ပညာရှင်တွေဟာ အန်းဒရိုက်မှာပဲ ကူးစက်ခံနေရတဲ့ ဒီ malware ကို iPhone appတွေမှာ တွေ့ခဲ့တာ ဖြစ်ပြီး အကုန်လုံးက retro ဂိမ်းလိုမျိုး app တွေမှာ တွေ့ခဲ့တာပါ။

         "iOS ထုတ်ကုန်တွေနဲ့ဒီနာမည်ကျော် malware domain အကြား ဆက်သွယ်ချက်ကို တွေ့ပြီဖြစ်လို့ကျွန်တော်တို့ထပ်ပြီး စုံစမ်းစစ်ဆေးသွားရမှာပါ။" လို့Wandera ရဲ့ ထုတ်ကုန်ဒုဥက္ကဌ မိုက်ကယ်ကိုဗင်တန်က ပြောပါတယ်။

         Golduck malware ကူးစက်ခံရတဲ့ iOS ဂိမ်းအက်ပလီကေးရှင်းများ (Photo: bleepingcomputer)

         ဒီဂိမ်း app ၁၄ ခုကို ဒေါင်းလုပ်ဆွဲမှုအကြိမ်ရေဟာ ၁ သန်း နီးပါး ရှိပြီလို့Sensor Tower က ခန့်မှန်းထားပါတယ်။ လက်ရှိမှာတော့ Apple ဘက်မှ ဒီဖြစ်ရပ်ပေါ် မှတ်ချက်မပေးထားပေမယ့် app တွေကို ဒေါင်းလုပ်ဆွဲ ရယူမှုကို ကန့်သတ်ထားတယ်လို့ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က