circular ကင်မရာဒီဇိုင်း သုံးသွားမလား
Nyein Min Wai

Huawei Mobile ကတော့ ဂျာမဏီနိုင်ငံ မြူးနစ်မှာ Huawei Mate 30 ဖုန်းသစ်တွေ မိတ်ဆက်မယ်လို့တရားဝင် ကြေညာသွားပြီ ဖြစ်ပါတယ်။

Rethink Possibilities ဆိုတဲ့ tag line နဲ့အတူ Huawei Mate 30 အကြောင်း teaser မှာ Huawei အနေနဲ့စက်တင်ဘာ ၁၉ ရက် မြူးနစ်မှာ Full Circle တစ်ခု လုပ်သွားမယ်လို့ဖော်ပြထားပါတယ်။ အခုကြားနေရတဲ့ သတင်းတွေမှာလည်း Huawei Mate 30 ဖုန်းသစ်တွေဟာ ကျောဘက်မှာ စက်ဝိုင်းပုံစံ Quad-camera ပုံစံတစ်ခု သုံးသွားမယ်လို့ဆိုတာကြောင့် အတော်လေး နီးစပ်တဲ့ သတင်းဖြစ်မယ်လို့ယူဆရပါတယ်။

Photo: 9to5google

Huawei နဲ့ပတ်သက်ပြီး နောက်ထပ် ကြားရတဲ့ သတင်းတွေထဲမှာ ဒီနှစ်ထဲ ထွက်သမျှ ဖုန်းတွေကို Android ပဲ သုံးသွားမှာ ဖြစ်ပြီး HarmonyOS ဖုန်း ဈေးကွက်မှာ တင်ပို့ဦးမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာပဲ Google ဝန်ဆောင်မှုတွေ Huawei ထုတ်ကုန်သစ်တွေမှာ ပေးမသုံးတော့ဘူးဆိုတဲ့ အသံတွေ ထွက်ခဲ့ပေမယ့် Huawei ကတော့ နှစ်ကုန်ပိုင်း ထွက်လာမယ့် Nova 5T နဲ့Y9 S တို့မှာ Google services တွေနဲ့လာမယ်လို့အတည်ပြုထားပါတယ်။

hardware ဘက်က ကြည့်မယ်ဆိုရင် Huawei ဟာ အကောင်းဆုံးတန်းဝင် စမတ်ဖုန်းတွေ ပွဲထုတ်ပြီး သက်သေပြထားတာပါ။ ပြောရရင် ကင်မရာအလန်းဆုံး ဖုန်းစာရင်းမှာ Huawei ရဲ့ ပရီမီယံဖုန်းတွေက ထိပ်ဆုံးနားက ရှိနေပါလိမ့်မယ်။ Huawei Mate 30 series မှာတော့ Kirin 990 processor သစ်နဲ့လာပြီး 5G မော်ဒယ်လည်း မြင်ရဖို့ရှိပါတယ်။

Photo: Tech Radar

ကင်မရာအနေနဲ့ကြီးမားတဲ့ Circular Quad-Camera Module ပုံစံသစ် သုံးသွားဖို့ရှိပြီး ဘေးဘောင်တွေကို အလွန့်ကို ကွေးညွှတ်ထားတဲ့ waterfall display နဲ့လာမယ်လို့ယူဆရပါတယ်။ နောက်တစ်ခုကတော့ ကြိုးမဲ့အားသွင်းစနစ်မှာ ကမ္ဘာ့အမြန်ဆုံး wireless charging နည်းပညာကို သုံးသွားဖို့ရှိနေပါတယ်။

အခုသတင်းအချက်အလက်တွေဟာ အတည်ပြုလို့မရသေးတဲ့ သတင်းအချက်အလက်တွေပါ။ တကယ့်တရားဝင် ဖုန်းဒီဇိုင်းနဲ့အချက်အလက်တွေကိုတော့ လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။


က္က