နောက်ဆုံးပေါ် Kirin 9000 SoC နဲ့ လာမှာပါ

Huawei ဟာ အသစ်ထွက်လာမယ့် ပရီမီယံစီးရီး Mate 40 မော်ဒယ်များ ထုတ်လုပ်မှုကို လျှော့ချသွားဖို့ ရှိတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ 

Huawei အတွက် ပစ္စည်းအစိတ်အပိုင်းတွေ ထုတ်လုပ်ပေးနေတဲ့ Supply Chain သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး DigiTimes သတင်းမှာ ဖော်ပြချက်အရ Huawei ဟာ Mate 40 နဲ့ Mate 40 Pro ဖုန်းသစ်များအတွက် ပစ္စည်းအစိတ်အပိုင်း အော်ဒါမှာယူမှုကို ၃၀% လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။



Photo: Notebook Check

အမေရိကန်အစိုးရရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ Huawei ဟာ ဒီနှစ်ထဲမှာ ကမ္ဘာ့အကြီးဆုံးဖုန်းကုမ္ပဏီနေရာအထိ ရောက်လာခဲ့ပေမယ့် စမတ်ဖုန်းစီးပွားရေးအနေနဲ့ ရပ်တည်ဖို့ ခက်ခဲလာနေပါတယ်။ အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုကြောင့် Huawei ဖုန်းသစ်တွေမှာ Android နဲ့ Google apps/services များ ပိတ်ပင်ခံထားရပါတယ်။

Sanction ကြောင့် Huawei အတွက် Qualcomm ဆီက chipset ဝယ်ဖို့ရော ကုမ္ပဏီရဲ့ Kirin chipset များ ထုတ်လုပ်ဖို့ပါ အခက်အခဲတွေ့နေတာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ နောက်ထပ် လအနည်းငယ် ဆက်လက်တောင့်ခံထားနိုင်ဖို့ စမတ်ဖုန်း chipset တွေ ဝယ်ထားပေမယ့် ရှေ့လျှောက် စမတ်ဖုန်းစီးပွားရေးပေါ် ဆိုးဆိုးဝါးဝါး သက်ရောက်မှု ရှိလာမှာပါ။ 

ပြီးခဲ့တဲ့ တစ်ပတ် IFA 2020 ပွဲမှာတော့ Huawei ဟာ ဥရောပမှာ ဖုန်းစီးပွားရေးပိုင်း အပြည့်အဝရင်းနှီးမြှပ်နှံထားတယ်လို့ ကုမ္ပဏီရဲ့ ဥရောပဈေးကွက် စားသုံးသူစီးပွားရေးအဖွဲ့ဥက္ကဌ ဝေါ်တာဂျီက ပြောပါတယ်။ Huawei ဟာ ဥရောပမှာ ဝန်ထမ်း ၁၄၀၀၀ တိုက်ရိုက်ခန့်အပ်ထားပြီး သုတေသနဌာနပေါင်း ၂၃ ခုကျော်မှာ လူ ၂ သိန်းကျော် အလုပ်ပေးထားတယ်လို့ ဆိုပါတယ်။

Photo; washingtonpost

မကြာခင်မှာ အသစ် မိတ်ဆက်သွားမယ့် Huawei Mate 40 စီးရီးဟာ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် flagship chipset သစ် ဖြစ်တဲ့ Kirin 9000 SoC သုံးလာမယ်လို့ ဆိုပါတယ်။ Huawei Mate 40 နဲ့ Mate 40 Pro တို့ဟာ dual punch-hole ဒီဇိုင်းပါ OLED panels နဲ့ လာမှာပါ။ 

Mate 40 ဟာ ၆.၅ လက်မ FHD+ display နဲ့ လာပြီး Mate 40 Pro ကတော့ ၆.၇၈ လက်မ Quad HD+ display သုံးသွားမယ်လို့ သတင်းထွက်နေပါတယ်။ ဖုန်းသစ် နှစ်မျိုးစလုံးဟာ 90Hz refresh rate ပံ့ပိုးသွားဖို့လည်း ရှိပါတယ်။ ဒီဖုန်းတွေ တရားဝင်မိတ်ဆက်မယ့်ရက်တော့ ကြေညာခြင်း မရှိသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က