အွန်လိုင်းစတိုးကနေ ရောင်းချခဲ့တာပါ
Nyein Min Wai

     Xiaomi ကတော့ ဇန်နဝါရီလကုန်ပိုင်းမှာ Redmi Note 7 အလုံးရေ ၁ သန်းအထိ ရောင်းချနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

Photo: indianexpress

         ဇန်နဝါရီလလယ်ပိုင်းမှာ flash sale အဖြစ် Redmi Note 7 ကို ပထမဆုံး ရောင်းထုတ်ချိန်မှာ စစချင်း ၈ မိနစ်နဲ့၃၆ စက္ကန့်အတွင်းမှာ အလုံးရေ ၁ သိန်း အထိ ရောင်းချနိုင်ခဲ့တယ်လို့Xiaomi ဘက်က ထုတ်ပြန်ပါတယ်။ ရောင်းရထားတဲ့ အထဲက တစ်ဝက်လောက်က Mi Store မှာ ရောင်းချနိုင်ခဲ့တာ ဖြစ်ပြီး ကျန်တစ်ဝက်ကတော့ TMall နဲ့JD.com လို thrid party အွန်လိုင်းဆိုင်တွေကနေ ရောင်းချနိုင်ခဲ့တာပါ။

         Redmi sub-brand အနေနဲ့ပထမဆုံး ခွဲထွက်လာတဲ့ Redmi Note 7 ဟာ 48MP ကင်မရာကို ပထမဆုံးသုံးလာတဲ့ Xiaomi ဖုန်း ဖြစ်ပြီး မျက်နှာပြင်အကြီးစားနဲ့အားကောင်းတဲ့ ဘက်ထရီစနစ် ပါဝင်လာပါတယ်။ မျက်နှာပြင် ၆.၃ လက်မအရွယ် ဒီဖုန်းမှာ waterdrop notch ဒီဇိုင်းကို သုံးထားပြီး မှန်ပြင်နေရာယူမှုမြင့်တဲ့ ဖုန်းတစ်လုံးအဖြစ် မိတ်ဆက်ခဲ့တာပါ။

         RAM/storage ဗားရှင်း ၃ မျိုး ရှိပြီး 2.2 GHz octa core ရှိတဲ့ Snapdragon 660 processor နဲ့ထွက်လာတာ ဖြစ်ပါတယ်။ ကင်မရာစနစ်က ဒီဇုန်းရဲ့ key feature ဖြစ်ပြီး ကျောဘက် dual cameras နှစ်လုံးထဲမှာ Samsung ISOCEL Bright GM1 sensor ပါ 48MP ကင်မရာနဲ့5MP depth sensor ပါလာပါတယ်။ fingerprint ကိုလည်း ကျောဘက်မှာပဲ သုံးထားပြီး အရှေ့မှာတော့ 13MP ဆယ်လ်ဖီကင်မရာ ပါရှိပါတယ်။

         OS စနစ်ပိုင်းမှာ Xiaomi ရဲ့ MIUI 10 နဲ့အတူ Android 9 Pie စနစ်နဲ့လာပြီး ဘက်ထရီပါဝါအကြီးစားဖြစ်တဲ့ 4000 mAh ဘက်ထရီကို သုံးသွားပါတယ်။ USB Type C ကနေ အားသွင်းနိုင်တဲ့ ဒီဘက်ထရီဟာ Quick Charge 4 အမြန်အားသွင်းစနစ် ပါရှိပြီး 18W fast charger နဲ့ဆို အားလုံးဝ မရှိတဲ့ အနေအထားကနေ အားအပြည့်ဝင်ဖို့၁ နာရီ ၄၃ မိနစ် ကြာမယ်လို့ဆိုပါတယ်။

Photo: indianexpress

         အနက် ၊ အပြာ ၊ သန်းခေါင်ရွှေကာလာတွေနဲ့မိတ်ဆက်ထားတဲ့ Redmi Note 7 ရဲ့ အနိမ့်ဆုံးမော်ဒယ် RAM 3GB/32GB storage ကို ၉၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၂ သောင်းကျော်) ၊ RAM 4GB/64GB storage မော်ဒယ်ကို ၁၁၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၇ သောင်းခန့်) နဲ့RAM 6GB/64GB storage ကို ၁၃၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ကျော်ခန့်) ဈေးနဲ့ရောင်းချနေတာပါ။


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က