ဇွန်လကုန်မှာ stable version စတင် ဖြန့်ချိသွားမှာပါ

စိတ်ဝင်စားစရာ features သစ်တွေနဲ့ ပွဲထုတ်လာတဲ့ MIUI 12 သစ်ကတော့ အချိန်ဇယား ၃ ခုခွဲပြီး Xiaomi ဖုန်းတွေဆီ ရောက်လာတော့မှာပါ။

Xiaomi Mi 10 Youth 5G ဖုန်းနဲ့အတူ မိတ်ဆက်ခဲ့တဲ့ Xiaomi ရဲ့ နောက်ဆုံးထွက် Android Skin သစ် MIUI 12 သစ်မှာ Privacy feature သစ်များ ၊ ပိုမိုရှင်းလင်းကောင်းမွန်လာတဲ့ UI ၊ Dark Mode 2.0 သစ် ၊ system animations သစ်များ ၊ Super Wallpaper နဲ့ Fitness features သစ်များလည်း ပါဝင်လာပါတယ်။ 



Photo: fossbytes


ပုံမှန်အတိုင်း MIUI 12 ကို တရုတ်မှာ သီးသန့် အရင်ဖြန့်ချိသွားမှာ ဖြစ်ပြီး Global MIUI 12 ကြေညာမယ့်အချိန်ကို စောင့်ရဦးမှာ ဖြစ်ပါတယ်။ တရုတ်မှာ MIUI 12 ပထမအသုတ် ဖြန့်ချိမှုကို ဇွန်လနှောင်းပိုင်းမှာ စတင်သွားမှာပါ။ beta ဗားရှင်းကတော့ တရုတ်မှာ စတင်နေပြီး Stable ဗားရှင်းကတော့ ၆ လပိုင်း အကုန်မှ ရောက်လာမှာ ဖြစ်ပါတယ်။

ပထမအသုတ်ထဲမှာ Xiaomi Mi 10 Pro, Xiaomi Mi 10, Xiaomi Mi 10 Youth Edition, Xiaomi Mi 9 Pro, Xiaomi Mi 9, Xiaomi Mi 9 Exclusive Transparent Edition, Redmi K30 5G, Redmi K30, Redmi K30 Pro, Redmi K20, Redmi K20 Pro Premium Edition နဲ့ Redmi K20 Pro တို့ ပါဝင်ပါတယ်။

ဒုတိယအသုတ် MIUI 12 သစ် ရမယ့် ဖုန်းတွေကတော့ Xiaomi CC 9 Pro, Xiaomi CC9, Xiaomi CC9 Meitu Edition, Xiaomi MIX 3, Xiaomi MIX 2S, Xiaomi Mi 8, Xiaomi Mi 8 Screen Fingerprint Edition, Xiaomi Mi 8 Transparent Discovery Edition, Redmi Note 7 Pro, Redmi Note 8 Pro, Redmi Note 7 နဲ့ Xiaomi Mi 9 SE တို့ ဖြစ်ပါတယ်။ 

Photo: GSMArena


တတိယမြောက် MIUI 12 သစ် ဖြန့်ချိမှုမှာ Xiaomi Mi CC9e, Xiaomi Mi Note 3, Mi Max 3, Xiaomi Mi 8 SE, Mi 8 Youth Edition, Mi Mix 2, Mi 6X, Redmi Note 8, Redmi Note 5, Redmi 8, Redmi 8A, Redmi 7, Redmi 7A, Redmi 6A, Redmi 6, Redmi 6 Pro နဲ့ Redmi S2 တို့ ပါဝင်ပါတယ်။ ဒုတိယနဲ့ တတိယအသုတ်တွေ ဖြန့်ချိမယ့်အချိန် မသိရသေးပါဘူး။

Xiaomi ရဲ့ MIUI skin ဟာ ဘာသာစကား ၈၀ ပံ့ပိုးထားပြီး နိုင်ငံနဲ့ နယ်မြေပေါင်း ၂၂၁ နေရာမှာ လစဉ်သုံးစွဲသူ သန်း ၃၁၀ကျော် ရှိထားတယ်လို့ MIUI 12 မိတ်ဆက်ပွဲမှာ ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူ လေဂျန်က ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က