ဒုတိယအသုတ်မှာ POCO ဖုန်းတွေ ပါလာမှာပါ

ဧပြီလထဲမှာ MIUI 12 ကို ပထမဆုံးကြေညာပြီးနောက် Xiaomi ဖုန်းမော်ဒယ်တစ်ချို့မှာ stable update ရလာပြီ ဖြစ်ပါတယ်။

ပုံမှန်အတိုင်း MIUI သစ်ကို တရုတ်နိုင်ငံအတွင်း ဖြန့်ချိထားတဲ့ Xiaomi ဖုန်းတွေမှာ အရင်ဆုံး တင်နိုင်မှာ ဖြစ်ပါတယ်။ MIUI 12 သစ်ကို အရင်ဆုံးတင်နိုင်မယ်လို့ ကြေညာထားတဲ့ ဖုန်းမော်ဒယ်တွေဟာ Xiaomi Mi 9 ၊ Mi 9 Pro 5G ၊ Mi 10 Youth ၊ Redmi K30 5G နဲ့ Redmi K30 Pro Zoom စတဲ့ ဖုန်း ၅ မျိုးဖြစ်ပြီး အခု နောက်ထပ် မော်ဒယ်သစ်တွေ ထပ်တိုး ဖြန့်ချိသွားတော့မှာပါ။



Photo: piunikaweb

ဇွန်လ ၂၈ ရက်နေ့ ပထမအသုတ်အနေနဲ့ MIUI 12 သစ်ကို စတင် ဖြန်ချိသွားမှာ ဖြစ်ပြီး Xiaomi ဖုန်းမော်ဒယ် ၁၃ မျိုးမှာ ဒီ update ကို တင်နိုင်မှာ ဖြစ်ပါတယ်။ ပထမအသုတ် MIUI 12 တင်နိုင်မယ့် ဖုန်းတွေဟာ Mi 10 Pro, Mi 10, Mi 10 Youth Edition, Mi 9 Pro 5G, Mi 9 Explorer Edition, Mi 9, Redmi K30 Pro Zoom Edition, Redmi K30 Pro, Redmi K30 5G, Redmi K30, Redmi K20 Pro Exclusive Edition, Redmi K20 Pro နဲ့ Redmi K20 တို့ ဖြစ်တယ်လို့ Gizmochina သတင်းက ဆိုပါတယ်။

အခုပြောခဲ့တဲ့ ဖုန်းတွေဟာ နောက်ဆုံးပေါ် MIUI Skin ကို Settings >MY Device > About Phone ထဲက Check for new update ကနေ တိုက်ရိုက်တင်လို့ ရမှာ ဖြစ်ပါတယ်။ update ဆွဲသူများတာကြောင့် ဆာဗာပေါ်မှာ Overload မဖြစ်အောင် OTA ကနေတစ်ဆင့် update ပေးသွားမယ်လို့လည်း ဆိုပါတယ်။ ဒုတိယအသုတ်မှာ MIUI 12 သစ်ကို Redmi စီးရီး ၊ Redmi Note စီးရီး ၊ Xiaomi Mi စီးရီးတွေအပြင် Poco ဖုန်းစီးရီးတွေမှာလည်း တင်နိုင်တော့မှာပါ။

Photo: Fossbyte


MIUI 12 သစ်ဟာ Live Wallpapers သစ်များ ၊ Privacy စနစ်သစ်များ ၊ အန်နီမေးရှင်းလုပ်ထားတဲ့ Always-on-Display (AOD+) ၊ Dark MOde 2.0 ၊ MIUI Camera app သစ်နဲ့ fitness features သစ်တွေ ပါဝင်လာပါတယ်။ ဒီ feature အားလုံးတော့ MIUI 12 တင်နိုင်မယ့် ဖုန်းတွေမှာ ပါလာမှာ မဟုတ်ပါဘူး။ ဥပမာ-AOD feature သစ်ကို LCD panel သုံး ဖုန်းတွေမှာ သုံးနိုင်မှာ မဟုတ်ပါဘူး။

လောလောဆယ် တရုတ်နိုင်ငံအတွင်းမှာပဲ update ပေးနေတာ ဖြစ်ပြီး Global update သစ်ကိုလည်း မကြာခင် ဖြန့်ချိမယ်လို့ မျှော်လင့်ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က