နာမည်ကြီး Apple Analyst တစ်ဦးမှ ခန့်မှန်းထားတာပါ
Nyein Min Wai

Apple ရဲ့ ၂၀၁၈ မော်ဒယ် iPhone သုံးမျိုးမှာ ဒီဖုန်းက ဈေးအသက်သာဆုံးနဲ့အရောင်အသွေးစုံလင်ဆုံး ဖြစ်မှာပါ။

iphoneagdsagdew-1280x613.jpg

photo:slashgear

 

ဒီနှစ်စက်တင်ဘာလထဲ မိတ်ဆက်သွားမယ့် iPhone တွေဟာ မျက်နှာပြင် ၅.၈ လက်မ ၊ ၆.၁ လက်မနဲ့၆.၅ လက်မဆိုပြီး မော်ဒယ် ၃ မျိုးနဲ့ထွက်လာမယ်လို့Apple ရေးရာ ကျွမ်းကျင်သူ မင်ချိကုအိုက ဆိုပါတယ်။ iPhone မော်ဒယ်သစ် ၃ မျိုးမှာ ဈေးအချိုဆုံးဖုန်းဟာ LCD display သုံး မျက်နှာပြင် ၆.၁ လက်မ မော်ဒယ်ဖြစ်ပြီး အရောင် ၅ မျိုးနဲ့ထွက်လာမယ်လို့မင်ချိကုအိုက ခန့်မှန်းထားပါတယ်။

Apple ဟာ မျက်နှာပြင် ၆.၁ လက်မ iPhone ကို အပြာ ၊ အနီ ၊ မီးခိုး ၊ အဖြူနဲ့လိမ္မော်ရွှေကာလာ ၅ မျိုးနဲ့မိတ်ဆက်သွားဖို့ရှိတာကြောင့် ရွှေနဲ့အပြာ ကာလာသစ် ၂ မျိုး ပိုလာတယ်လို့ဆိုရမှာပါ။ မီးခိုးရောင်ကတော့ လက်ရှိ Space Grey ကာလာပဲ ဖြစ်ဖို့ရှိသလို အဖြူကတော့ ငွေရောင်ကာလာကိုပဲ ဆက်သုံးသွားမယ်လို့ယူဆရပါတယ်။

Apple ဟာ မျက်နှာပြင် ၆.၁ လက်မ iPhone မှာ အနီရောင် ကာလာကို သီးသန့်သုံးသွားမှာ ဖြစ်ပြီး အရင်က HIV/AIDS ရောဂါတိုက်ဖျက်ရေးအဖွဲ့အစည်းရန်ပုံငွေ အဖြစ် ထုတ်ခဲ့တဲ့ Product RED မော်ဒယ်နဲ့မတူအောင် ထုတ်လာဖို့ရှိနေပါတယ်။ ၂၀၁၈ မော်ဒယ် တန်ဖိုးအနည်းဆုံး iPhone မှာ ကာလာ ၅ မျိုးပြန်သုံးလာတာဟာ Apple ရဲ့ iPhone 5C ကို ပြန်သတိရစရာ ဖြစ်နေပါတယ်။ ဈေးနှုန်းအနေနဲ့ဒီဖုန်းဟာ ဒေါ်လာ ၇၀၀ ဝန်းကျင်က စတင်ရောင်းချသွားမယ်လို့မင်ချိကုအိုက ဆိုပါတယ်။

photo: Prime Inspiration

 

OLED display နဲ့လာတဲ့ တစ်ခြား မော်ဒယ်နှစ်မျိုးမှာ မျက်နှာပြင် ၅.၈ လက်မ iPhone ဒေါ်လာ ၉၀၀ ပတ်ချာလည် ဈေးနဲ့ရောင်းချသွားဖို့ရှိပြီး အမြင့်ဆုံး ၆.၅ လက်မမော်ဒယ်ကိုတော့ ဒေါ်လာ ၁၀၀၀ နဲ့အထက် ဈေးနဲ့ရောင်းချသွားဖို့လည်း ရှိနေပါတယ်။ ကာလာပိုင်းမှာတော့ တန်ဖိုးကြီး iPhone တွေဟာ Space Grey ၊ Silver နဲ့Gold ကာလာတွေနဲ့ပဲ ထွက်လာမှာ ဖြစ်ပြီး ၂၀၁၇ ထုတ် iPhone X စတိုင် dual cameras တွေ သုံးသွားမှာပါ။


Author


က္က