2600 mAh ဘက်ထရီကို သုံးသွားမှာပါ

တန်ဖိုးနည်း လိုင်းဆွဲအားကောင်း entry-level ဖုန်းတွေအဖြစ် Google ရဲ့ Android Go OS နဲ့ဖုန်းတွေကို ဒီနှစ်မှာ မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ Nokia 1 ၊ ZTE Tempo Go နဲ့Alcatel 1Xတို့ဟာ Android Go ပရောဂျက်နဲ့လာတဲ့ တန်ဖိုးနည်း specs အနိမ့်ဖုန်းတွေပါ။ mid-range နဲ့premium ဖုန်းတွေပဲ ထုတ်လုပ်မှုများတဲ့ Samsung ကလည်း မကြာခင်မှာ ကုမ္ပဏီရဲ့ ပထမဆုံး Android Go စမတ်ဖုန်းကို မိတ်ဆက်တော့မယ်လို့သတင်းထွက်နေပါတယ်။



 

Techiedrive ကနေ ထွက်ပေါ်လာတဲ့ သတင်းများအရ Samsung ဟာ မော်ဒယ်နံပါတ်SM-J260F နဲ့Android Go ဖုန်းသစ်တစ်မျိုးကို ထုတ်လုပ်နေတယ်လို့ဆိုပါတယ်။ ဒီဖုန်းဟာ ၂၀၁၇ ထုတ် Galaxy J3 လိုမျိုး မျက်နှာပြင် ၅ လက်မ AMOLED display နဲ့လာပြီး Samsung ရဲ့ mid-range processor ဖြစ်တဲ့ 1.4GHz quad core Exynos 7570 chipset ကို သုံးသွားဖို့ရှိနေပါတယ်။ RAM နဲ့storage ကိုတော့ တစ်ခြား Android Go ဖုန်းတွေလိုပဲ 1GB/16GB အတွဲနဲ့လာမှာပါ။ Google ရဲ့ Android Go ဗားရှင်းနဲ့လာတာ ဖြစ်လို့သိုလှောင်အားနည်း လိုင်းဆွဲအား သိပ်မကောင်းတဲ့ ဖုန်းဆိုပေမယ့် Go ဗားရှင်းနဲ့သုံးတာဖြစ်လို့ဒေတာအစားသက်သာသလောက် အင်တာနက် သုံးရတာ သွက်နေမှာ ဖြစ်ပါတယ်။

Android Go ရဲ့ အဓိကရည်ရွယ်ချက်အတိုင်း Google က ထုတ်သမျှ apps တိုင်းကို Go ဗားရှင်းနဲ့ဒေတာမစားဘဲ မြန်မြန်ဆန်ဆန် သုံးနိုင်မယ့်အပြင် OS update လည်း ပုံမှန်ပေးသွားမှာ ဖြစ်လို့ဖုန်းရဲ့ လုံခြုံရေးနဲ့ရေရှည်အသုံးခံမှုအတွက် စိတ်ကျေနပ်စရာ ဖြစ်မှာပါ။ ဒီဖုန်းမှာ သုံးသွားဖို့ရှိတဲ့ 2600 mAhဘက်ထရီကတော့ Samsung ထုတ် တစ်ခြားဖုန်းတွေနဲ့ယှဉ်ရင် အတော်လေး သေးတယ်လို့ဆိုရမှာ ဖြစ်ပေမယ့် Samsung Experience မပါတော့လို့ဘက်ထရီ အသုံးခံနေမှာ ဖြစ်ပါတယ်။ ကင်မရာအနေနဲ့ရှေ့ဘက် 5MP ကင်မရာနဲ့ကျောဘက် 8MP ကင်မရာကို အသုံးပြုသွားမှာ ဖြစ်ပြီး ကင်မရာစွမ်းရည်ကို တစ်ချက်စောင့်ကြည့်ရမှာပါ။

 

Samsung ရဲ့ Android Go ဖုန်းကို မိတ်ဆက်မယ့်ရက်တော့ မကြေငြာရသေးပါဘူး။ Android Go ဖုန်းတွေရဲ့ ဈေးနှုန်းအတိုင်း ဒီဖုန်းဟာ ဒေါ်လာ ၁၀၀ ပတ်ချာလည်နဲ့ထွက်လာမှာတော့ သေချာပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က