ဒေါ်လာ ၈၀ ဈေးနဲ့ရောင်းချနေတာပါ
Nyein Min Wai

18:9 display နဲ့လာတဲ့ ဖုန်းတွေထဲမှာ ဈေးအနည်းဆုံး အန်းဒရိုက်ဖုန်းဖြစ်တဲ့ Alcatel 1 ကတော့ ဈေးကွက်ထဲ ရောက်နေပြီ ဖြစ်ပါတယ်။



Alcatel-1 (1).jpg

Photo: Phone Arena

 

Alcatel 1 ဟာ Android Go လို့ခေါ်တဲ့ RAM အနည်း ၊ Specs အနိမ့်ဖုန်းတွေအတွက် အထူး edition အနေနဲ့Google ကနေ မိတ်ဆက်ထားတဲ့ သီးသန့်ဆော့ဖ်ဝဲလ်သုံး ဖုန်းတွေထဲမှာ ပထမဆုံး ထွက်လာတဲ့ မော်ဒယ်တွေထဲက တစ်ခုပါ။ ထူးခြားတာက ပရီမီယံဖုန်းတွေမှာ သုံးနေတဲ့ 18:9 display ဒီဇိုင်းကို သုံးလာတဲ့ တန်ဖိုးနည်း ဖုန်းဖြစ်နေတာပါ။

မျက်နှာပြင် ၅ လက်မ ရှိတဲ့ ဒီဖုန်းဟာ resolution ပိုင်းမှာ Android Go ဖုန်းတွေရဲ့ ထုံးစံ 960 x 480 pixel ရုပ်ထွက်အနိမ့်နဲ့လာပါတယ်။ processor ပိုင်းမှာ 1.3GHz quad-core မြန်နှုန်းရှိတဲ့ MediaTek MT6739 chipset သုံးထားပြီး RAM 1GB နဲ့အတူ 32GB အထိ storage ထပ်တိုးလို့ရမယ့် onboard 8GB storage ပါရှိမှာပါ။

Alcatel 1 ဟာ 2000 mAh ဘက်ထရီကို နဲ့လာပါတယ်။ processor နိမ့်ပြီး resolution သိပ်မကောင်းတဲ့ ဖုန်းတစ်လုံးအတွက်တော့ ဒီဘက်ထရီပါဝါဟာ ပြဿနာ မရှိပါဘူး။ ကျောဘက်မှာ 5MP ကင်မရာကို သုံးထားပေမယ့် 8MP ရုပ်ထွက် ရှိမယ့် ပုံတွေ ရိုက်ကူးနိုင်မယ်လို့ကုမ္ပဏီက ကြေငြာထားပြီး အရှေ့မှာ 2MP ဆယ်လ်ဖီကင်မရာ ပါရှိပါတယ်။

dual SIM သုံးနိုင်တဲ့ ဒီဖုန်းရဲ့ အားသာချက်က ဆော့ဖ်ဝဲလ်ပိုင်းပါ။ Go Edition ဖြစ်တဲ့အတိုင်း Google stock apps တွေ ဖြစ်တဲ့ YouTube Go ၊ Maps Go စတာတွေကို ဒေတာအစား သက်သက်သာသာနဲ့မြန်မြန်သွက်သွက် သုံးနိုင်မှာပါ။ OS update ကိုလည်း မကြာခင်မှာ Android 9.0 Pie အထိ တင်ပေးမှာ ဖြစ်လို့security အရ အားသာချက်တွေ ရှိနေပါတယ်။

Photo: Slash Gear

 

Alcatel 1 ကို သတ္ထု ပြာ ၊ သတ္ထုရွှေ နဲ့သတ္ထုနက် ကာလာ ၃ မျိုးနဲ့မိတ်ဆက်ထားပြီး ဈေးနှုန်း ဒေါ်လာ ၈၀ (မြန်မာငွေ ၁ သိန်း ၂ သောင်းခန


ဆက်စပ်အကြောင်းအရာများ


Author


က္က