RAM 2GB မော်ဒယ်နဲ့ဝင်လာတာပါ။

ကျောဘက် dual cameras များနဲ့အတူ မြန်မာငွေ ၂ သိန်းအောက်တန် Honor 7A ကို ပြည်တွင်းဈေးကွက်မှ ဝယ်ယူနိုင်ပြီလို့ဆိုပါတယ်။



151104bbahlrqyo8kwkgnd.jpeg

photo: Gadget Pipinas

 

ဘက်ဂျက်ဈေးနဲ့ထွက်လာတဲ့ ဒီဖုန်းဟာ mid-range နဲ့premium ဖုန်းတွေမှာ အတွေ့များတဲ့ 18:9 screen ဒီဇိုင်းသုံးထားပြီး မျက်နှာပြင် ၅.၇ လက်မ IPS LCD display သုံးထားပါတယ်။ display ရုပ်ထွက်အနေနဲ့720 x 1440px ပါရှိတဲ့ Full View display နဲ ့လာတာပါ။ processor အနေနဲ့Snapdragon 430 SoC သုံးထားပြီး RAM 2GB/32GB storage ပါရှိပါတယ်။

Honor 7A ရဲ့ ထူးခြားချက်တစ်ခုက တန်ဖိုးနည်း ဖုန်းတစ်လုံးဖြစ်ပေမယ့် dual cameras သုံးသွားတာပါပဲ။ ကျောဘက်မှာ အလျားလိုက် 13MP+2MP ကင်မရာနှစ်လုံးပါရှိပြီး dual camera သုံး စမတ်ဖုန်းတစ်လုံးရဲ့ ကင်မရာလုပ်ဆောင်ချက်တွေဖြစ်တဲ့ Bokeh effect နဲ့တစ်ခြား နာမည်ကြီး ကင်မရာ features တွေ သုံးနိုင်မှာ ဖြစ်ပါတယ်။ ရှေ့ဘက်မှာ 8MP ကင်မရာပါရှိပြီး နောက်ဆုံးပေါ် Face Unlock မျက်နှာပြင်လော့ခ်စနစ်နဲ့ဖုန်းအဖွင့်အပိတ်လုပ်နိုင်တဲ့ ဖုန်းတစ်လုံးပါ။

OS စနစ်ပိုင်းမှာ Android 8.0 Oreo ပေါ် အခြေခံထားတဲ့ Huawei ရဲ့ကိုယ်ပိုင် EMUI 8.0 စနစ်နဲ့လာပါတယ်။ ဒီဖုန်းဟာ သုံးစွဲသူ အလေ့အထကို သိရှိနိုင်တဲ့ iAware2.0 smart management စနစ် ပါရှိပြီး internal storage အတွက် နေရာလွတ်တွေ ရအောင် သူ့အလိုလို ဖန်တီးပေးမှာပါ။ ဘက်ထရီပိုင်းမှာတော့ တစ်နေ့လုံး အားခံတဲ့ 3000 mAh ဘက်ထရီဖြစ်ပြီး ပဉ္စမမျိုးဆက် စမတ်ဘက်ထရီဆော့ဖ်ဝဲလ်ကြောင့် စွမ်းအင်ထိန်းသိမ်းမှုပိုင်းမှာ အတော်လေး ကောင်းမွန်မှာ ဖြစ်ပါတယ်။

Honor 7A မှာ Dual SIM အပြင် microSD card အတွက်ပါ card slot ပါတာ ဖြစ်လို့storage ကို 256GBအထိ microSD card ကနေ ထပ်တိုးနိုင်မှာပါ။ Honor 7A ဟာ dual Bluetooth စနစ်ကို သုံးထားတဲ့ ဖုန်းဖြစ်တာကြောင့် Bluetooh ကို တစ်ချိန်တည်းနဲ့မိုဘိုင်း devices နှစ်ခုကို သွားချိတ်နိုင်ပါတယ်။ အသံစနစ်ပိုင်းမှာ turbo စနစ်သုံး စပီကာနဲ့ဘေးပတ်ပတ်လည်ကနေ ကြားရတဲ့ surround sound စပီကာ စနစ်ပါရှိတာကြောင့် ထူးခြားတဲ့ အသံပိုင်း ခံစားမှု ရရှိနိုင်မှာ ဖြစ်ပါတယ်။

photo: Gadget Pilipinas

 

ဒီဖုန်းကို RAM 2GB အပြင် RAM 3GB မော်ဒယ်ပါ မိတ်ဆက်ထားပေမယ့်  ပြည်တွင်းဈေးကွက်ထဲ ရောက်လာတဲ့ Honor 7A ကတော့ RAM 2GB/32GB ဗားရှင်းဖြစ်ပြီး မြန်မာငွေကျပ် ၁၇၉၀၀၀ ကျပ်နဲ့ဝယ်ယူနိုင်မယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က