ဘက်ထရီပါဝါအကြီးစားနဲ့လာပါတယ်

     တရုတ်ဈေးကွက်ထဲ ဖြန့်ချိလိုက်တဲ့ Vivo U1 ကတော့ အကြီးစား ဘက်ထရီပါဝါသုံးထားတဲ့ တန်ဖိုးသင့်ဖုန်းပါ။



         Vivo U1 ဟာ တရုတ်ဈေးကွက်မှာ ခေါ်ကြတဲ့ နာမည်ဖြစ်ပြီး တစ်ခြားအာရှဈေးကွက်မှာတော့ ဒီဖုန်းကို Vivo Y95 လို့လည်း ခေါ်ကြပါတယ်။ တစ်ခုရှိတာက Vivo U1 ဟာ Vivo Y95 နဲ့မတူကွဲလွဲနေတဲ့ အချက်လေးတွေလည်း ရှိပါတယ်။

Photo: themobileindian

         မျက်နှာပြင် ၆.၂ လက်မ အရွယ် Vivo U1 ဟာ Halo FullView dispaly လို့ခေါ်တဲ့ waterdrop display သုံးထားတာပါ။ ခပ်ခုံးခုံး ကိုယ်ထည်ဒီဇိုင်းနဲ့လာတဲ့ ဒီဖုန်းဟာ လူငယ်စမတ်ဖုန်း user တွေကို ပစ်မှတ်ထားပြီး ထုတ်တဲ့ ဖုန်းဖြစ်လို့ဒီဇိုင်းပိုင်းမှာတင် ဆွဲဆောင်မှု ရှိတာမဟုတ်ဘဲ ကင်မရာစနစ်မှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ dual lens နဲ့လာတာ ဖြစ်ပါတယ်။

         Vivo U1 ဟာ ကျောဘက်မှာ ထောင်လိုက် 13MP+2MP dual Lensတွေနဲ့လာပါတယ်။ ။ ဒီကင်မရာတွေမှာ ပရိုတန်းဝင် bokeh shot တွေလိုမျိုး ရိုက်ချက်တွေကို ဖန်တီးပေးနိုင်စွမ်းအပြင် ဓါတ်ပုံမြင်ကွင်းပေါင်း ၁၄၀ ကို မှတ်သားပြီး အကောင်းဆုံး ပုံထွက်အောင် ပံ့ပိုးပေးနိုင်တဲ့ AI စနစ်တွေ ပါလာပါတယ်။

         ရှေ့ဆယ်လ်ဖီကင်မရာမှာတော့ Vivo Y95 လို 20MP ကင်မရာမဟုတ်တော့ဘဲ 8MP ဆယ်လ်ဖီကင်မရာနဲ့ထွက်လာတာပါ။ ဒီကင်မရာဟာ မျက်နှာနဲ့လော့ခ်ဖွင့်နိုင်တဲ့ FaceUnlock လိုမျိုး FaceWake စနစ် ပါလာပါတယ်။ ရေစိုခံမှုနှုန်းမှာ IP58 rating ရထားတဲ့ ဒီဖုန်းဟာ ဘက်ထရီကောင်းတဲ့ ဖုန်းလို့ပြောနိုင်ပါတယ်။

          ဒီဖုန်းမှာ သုံးထားတဲ့ ဘက်ထရီက 4030 mAh ဘက်ထရီ ဖြစ်လို့တစ်နေ့လုံး အသုံးခံနိုင်တဲ့ ဘက်ထရီမျိုးပါ။ ဘက်ထရီပါဝါကြီးသလို ဘက်ထရီစွမ်းအင်ကို မလေလွင့်အောင် စီမံခန့်ခွဲပေးတဲ့ စမတ်နည်းပညာလည်း ထည့်သွင်းထားပါတယ်။ အားနည်းချက်ကတော့ Snapdragon 439 chipset လို့performance နိမ့်တဲ့ processor သုံးထားတာပါပဲ။


Photo: Pricebaba

         RAM 3GB ကနေ စပြီး ဗားရှင်း ၃ မျိုးနဲ့ထုတ်သွားမယ့် ဒီဖုန်းကို အနိမ့်ဆုံးမော်ဒယ်အဖြစ် RAM 3GB/32GB storage ကို ၇၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၈ သောင်းခန့်) ၊ RAM 3GB/64GB storage မော်ဒယ်ကို ၉၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၂ သောင်းခွဲကျော်) နဲ့အမြင့်ဆုံး မော်ဒယ် RAM 4GB/64GB storageကို ၁၁၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၇ သောင်းခန့်) ဈေးတွေနဲ့ရောင်းချသွားမှာပါ။

         ကာလာအနေနဲ့Starry Night Black ၊ Aurora Blue နဲ့Aurora Red ကာလာ ၃ မျိုးနဲ့ဝယ်ယူနိုင်မှာ ဖြစ်ပြီး ဒီမော်ဒယ်အားလုံးဟာ နောက်ဘက် panel မှာ အပြာနဲ့ခရမ်းစပ် ရောင်ပြေးဒီဇိုင်းတွေ သုံးထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က