mid-range specs နဲ့ပရီမီယံဈေး သတ်မှတ်သွားမလား
Nyein Min Wai

ခေါက်သိမ်းနိုင် စမတ်ဖုန်းတွေအကြားမှာ Motorola Razr အတွက် နေရာရှိမလား မသေချာပေမယ့် ပရီမီယံဈေးနဲ့လာတဲ့ ဒီဖုန်းကတော့ လာမယ့် ဒီဇင်ဘာလထဲ ဈေးကွက်ဝင်တော့မှာပါ။

ဥရောပဈေးကွက်မှာ စတင်ရောင်းချသွားမယ့် Motorola Razr ဟာ Samsung Galaxy Fold နဲ့Huawie Mate X တို့ထက် ဈေးပိုသက်သာပေမယ့် ဒီဇိုင်းနဲ့သုံးထားတဲ့ chipset နဲ့specs ကတော့ အတော်လေး အားနည်းဖို့ရှိပါတယ်။ အခုချိန်ထိတော့ Motorola Razr ဖုန်းအကြောင်းဟာ သို့လောသို့လော အနေအထားမှာပဲ ရှိနေဆဲပါ။

Photo: GSMArena

LetsGoDigital ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ Motorola Razr ဟာ အရင် Razr ဖုန်းတွေလိုမျိုး ခေါက်ဖုန်းဒီဇိုင်းနဲ့လာဖို့ရှိပြီး အပြင်မှာ screen အသေးတစ်ခု ထပ်ပါလာဦးမယ်လို့ဆိုပါတယ်။ ဒီအပြင် screen ငယ်ကတော့ noti နဲ့status icons တွေ ပြနေမှာပါ။ တစ်ချိန်က ကမ္ဘာ့ဖုန်းလောကမှာ နံပါတ်တစ်ဖြစ်ခဲ့တဲ့ Razr တွေရဲ့ စတိုင်အတိုင်း လာဖို့ရှိတာကြောင့် ဘက်ထရီပါဝါကလည်း အတော်လေး နည်းဖို့ရှိပါတယ်။

Motorola ရဲ့ မိခင်ကုမ္ပဏီ Lenovo ဟာ Verizon နဲ့ပေါင်းပြီး ဒီဖုန်းကို အမေရိကန်ဈေးကွက်မှာပဲ အလုံးရေ ၂ သိန်းကျော် သီးသန့်ဖြန့်သွားမယ်လို့Wall Street Journal က ဖော်ပြခဲ့ဖူးပါတယ်။ အခုချိန်အထိ ဒီဖုန်းရဲ့ screen size ဘယ်လောက်ရှိမယ် ၊ ဘယ် processor သုံးမယ်ဆိုတာ မသိရသေးပါဘူး။

Photo: maxim

တလောက ထွက်ထားတဲ့ သတင်းတွေအရ Razr ဖုန်းသစ်ဟာ Snapdragon 710 SoC ကို သုံးသွားဖို့ရှိပြီး RAM 4GB နဲ့6GB ဗားရှင်းတွေ ရွေးချယ်နိုင်မယ်လို့ဆိုပါတယ်။ onboard storage အနေနဲ့64GB နဲ့128GB ပါလာဖို့ရှိပြီး ဘက်ထရီပါဝါကို 2730 mAh လို့ညွှန်းပါတယ်။

အတွင်း screen ဟာ ၆.၂ လက်မထိ ရှိမယ်လို့သတင်းထွက်ထားပြီး resolution ကို 876 x 2142p သုံးမယ်လို့GSMArena သတင်းက ခန့်မှန်းထားပါတယ်။ ဒီဖုန်းကို အမေဂရိကန်မှာ ဒေါ်လာ ၁၅၀၀ ( မြန်မာငွေ ၂၃ သိန်း နီးပါး) ဈေးနဲ့လာမယ့် ဒီဇင်ဘာလမှာ စတင် ရောင်းချသွားဖို့လည်း ရှိပါတယ်။


က္က