Lenovo ရဲ့ ဆော့ဖ်ဝဲလ်နဲ့လာတာပါ
Nyein Min Wai

Motorola ဟာ ပြီးခဲ့တဲ့ အပတ်ကပဲ Android One ဖုန်းသစ် နှစ်မျိုးကို မိတ်ဆက်ထားခဲ့ပါတယ်။

motorola-p30-note.jpg

Photo: GSMArena

 

IFA 2018 ပွဲမတိုင်ခင် ကြိုပြီး Motorola One နဲ့One Power တို့ကို ကြေငြာခဲ့တာပါ။ တရုတ်ဈေးကွက်မှာတော့ Android One Power ကို ဆော့ဖ်ဝဲလ်ဗားရှင်းပြောင်းပြီး Motorola P30 Note နာမည်နဲ့ဖြန့်ချိလိုက်ပါတယ်။ Lenovo ရဲ့ Motorola logo နဲ့ထွက်လာတဲ့ ဒီဖုန်းဟာ ဒီဇိုင်းပိုင်းမှာတော့ Lenovo Z5 နဲ့ဆင်ပြီး ပိုကြီးတဲ့ notch display ပါရှိပါတယ်။

Motorola P30 Note ဟာ 19:9 screen ဒီဇိုင်းကိုမှ မျက်နှာပြင် ၆.၂ လက်မ (2246 x 1080pixel) display နဲ့လာတာပါ။ processor ပိုင်းမှာ ရိုးရိုး Motorola P30 အတိုင်း Snapdragon 636 SoC သုံးထားပြီး RAM 4GB နဲ့6GB ဗားရှင်း နှစ်မျိုး ပါရှိပါတယ်။ onboard storage ကတော့ မော်ဒယ်နှစ်မျိုးစလုံးဟာ 64GB ပဲ ပါရှိပြီး microSD အကူကနေ 128GB အထိ ထပ်တိုးနိုင်မှာပါ။

ကင်မရာပိုင်းမှာတော့ ထောင်လိုက် 16MP+ 5MP ကျောဘက် ကင်မရာနှစ်လုံးနဲ့AI Beauty features များ သုံးနိုင်မယ့် 12MP ရှေ့ကင်မရာတစ်လုံး ပါရှိပါတယ်။ Motorola ရဲ့ လိုဂိုပါတဲ့ fingerprint scanner ကတော့ ကျောဘက် အလယ်နားမှာ ရှိထားပြီး Android One ဖုန်းမဟုတ်တာကြောင့် stock Android ဗားရှင်းအနေနဲ့Google services တွေ သုံးလို့မရပါဘူး။

Motorola P30 Note အနေနဲ့ထွက်လာချိန်မှာ ဒီဖုန်းဟာ Lenovo ရဲ့ ZUI 4.0 ထည့်သွင်းထားတဲ့ Android 8.0 Oreo သုံးထားပါတယ်။ ဘက်ထရီပိုင်းမှာ 5000 mAh ဘက်ထရီ သုံးထားပြီး fast charging စနစ် ပံ့ပိုးပေးထားပါတယ်။ တရုတ်ဈေးကွက်မှာ ဒီဖုန်းကို Midnight Black ကာလာတစ်မျိုးတည်းနဲ့ထုတ်ထားပါတယ်။

1535440877680054026.png

Photo: On Phone

 

ဈေးနှုန်းအနေနဲ့RAM 4GB မော်ဒယ်ကို ၁၉၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခွဲနီးပါး ) နဲ့RAM 6GB မော်ဒယ်ကို ၂၂၉၉ ယွမ် (မြန်မာငွေ ၅ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က