ဘက်ဂျက် 5G ဖုန်းတွေ မြင်ရတော့မှာပါ

၂၀၂၀ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၁ နှစ်ဆန်းပိုင်းမှာ Huawei ဟာ ဒေါ်လာ ၁၅၀ ဝန်းကျင်တန် ဘက်ဂျက် 5G ဖုန်းတွေ ထုတ်လုပ်ရောင်းချသွားဖို့ ရှိနေပါတယ်။

မကြာသေးခင်က Huawei ရဲ့ 5G ထုတ်ကုန်ပိုင်း ဥက္ကဌ ယန်ရှောင်ဘင်ရဲ့ ပြောကြားမှုကို ကိုးကားပြီး Gizmochina သတင်းက ဖော်ပြထားပါတယ်။ 5G စမတ်ဖုန်းတွေဟာ ၂၀၂၀ စမတ်ဖုန်းဈေးကွက်မှာ အရေးပါတဲ့ ထုတ်ကုန်တွေ ဖြစ်လာဖို့ ရှိပါတယ်။ နာမည်ကြီး စမတ်ဖုန်းကုမ္ပဏီအားလုံးနီးပါးဟာ 5G ဖုန်းတွေ ထုတ်လုပ်နေကြပါတယ်။




Huawei ရဲ့ 5G ထုတ်ကုန်ပိုင်း ဥက္ကဌ ယန်ရှောင်ဘင် (Photo: NDTV Gadgets)


ဈေးကွက်ထဲမှာ 5G ထုတ်ကုန်တွေ အတော်များများ ဝင်ရောက်နေပေမယ့် အကုန်လုံးလိုလိုဟာ ပရီမီယံဈေးနဲ့ ထွက်ထားတာပါ။ အခုချိန်မှာတော့ စမတ်ဖုန်းကုမ္ပဏီတွေဟာ Qualcomm နဲ့ MediaTek တို့ရဲ့ တန်ဖိုးသင့် chipset သစ်တွေနဲ့ ဈေးသက်သာတဲ့ 5G ဖုန်းတွေ ထုတ်လုပ်ဖို့ ပြင်နေပါတယ်။

Huawei ရဲ့ 5G ထုတ်ကုန်ပိုင်း ဥက္ကဌ ယန်ရှောင်ဘင်ကတော့ ၂၀၂၀ နှစ်ကုန် ဒါမှမဟုတ် ၂၀၂၁ နှစ်ဆန်းပိုင်းမှာ 5G စမတ်ဖုန်းတွေဟာ ဒေါ်လာ ၁၅၀ ဝန်းကျင် ( မြန်မာငွေ ၂ သိန်းစွန်းစွန်း) ပဲ ကျသင့်မယ်လို့ ယုံကြည်နေပါတယ်။ Huawei နဲ့ သူ့ရဲ့ sub-brand ဖြစ်တဲ့ Honor တို့ဟာ ပြီးခဲ့တဲ့ နှစ်ထဲမှာ Mate 30 5G series ၊ Mate 20 X 5G ၊ Mate X 5G ၊ Nova 6 5G ၊ Honor V30 တို့အပါအဝင် 5G စမတ်ဖုန်း အများအပြား ထုတ်လုပ် ရောင်းချထားတာပါ။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ Huawei ဟာ 5G စမတ်ဖုန်းအလုံး‌ရေ ၆.၉ သန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ သုတေသနတစ်ခုအရ ၂၀၂၀ မှာ ထွက်လာမယ့် 5G ဖုန်းတွေထဲက ၂၀% ကျော်ဟာ ယွမ် ၂၀၀၀ ( မြန်မာငွေ ၄ သိန်း) ပတ်ချာလည်ဈေးနဲ့ ရောင်းချသွားမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ ဒီထက်ပိုပြီး ဈေးသက်သာတဲ့ 5G ဖုန်းတွေ မြင်ရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က