5G ‌မော်ဒယ်ဖုန်းပါ
Nyein Min Wai

မတ်လကုန်ပိုင်းမှာ Redmi flagship မော်ဒယ်သစ်ကို မိတ်ဆက်သွားတော့မှာပါ။

Redmi K30 Pro မိတ်ဆက်ပွဲမှာ စမတ်ဖုန်းတွေအပြင် တစ်ခြား ထုတ်ကုန်တွေလည်း မိတ်ဆက်သွားဖို့ ရှိတယ်လို့ Xiaomi Group ရဲ့ ဒုဥက္ကဌနဲ့ အထွေထွေမန်နေဂျာ လုဝေဘင်းက ဆိုပါတယ်။ Xiaomi လက်အောက်ခံ စမတ်ဖုန်းအမှတ်တံဆိပ်ထဲမှ Flagship စီးရီးတစ်ခုဖြစ်တဲ့ Redmi K30 Pro ဗားရှင်းဟာ လက်ရှိထွက်ထားတဲ့ Redmi K30 ကို အဆင့်မြှင့်ထားတဲ့ မော်ဒယ်အဖြစ် မြင်ရမှာပါ။


Photo: trak


Pro မော်ဒယ်ဟာSA နဲ့ NSA 5G dual mode နှစ်မျိုး ပံ့ပိုးထားပြီး Pop-Up ကင်မရာ သုံးသွားမယ်လို့ ယူဆထားပါတယ်။ တစ်ခြား flagship feature အနေနဲ့ WiFi 6 ကွန်ရက်ချိတ်ဆက်မှု ၊ LPDDR5 memory ဖွဲ့စည်းမှုနဲ့ UFS 3.0 storage စနစ်တို့ ပါဝင်မှာပါ။ high-end ဖုန်းတစ်လုံး ဖြစ်တဲ့ အတိုင်း Snapdragon 865 SoC ၊33W fast charging ပါ 4700 mAh ဘက်ထရီများလည်း သုံးသွားဖို့ ရှိပါတယ်။

Redmi ထုတ်ကုန်ဒါရိုက်တာ ဝမ်တန်ကတော့ သူ့ရဲ့ Weibo အကောင့်မှာ Redmi K30 Pro ဟာ ယွမ် ၃၀၀၀ (မြန်မာငွေ ၆ သိန်း) နဲ့ အထက် ဈေးနဲ့ စတင်ရောင်းချသွားမယ်လို့ ပြောထားပါတယ်။ Redmi ရဲ့ အထွေထွေမန်နေဂျာ လုဝေဘင်းကလည်း Redmi K30 pro ဟာ ယွမ် ၃၀၀၀ နဲ့ ၃၅၀၀ အကြားဈေးနဲ့ စတင်ဝယ်ယူနိုင်မယ်လို့ ပြောဖူးတာ ရှိပါတယ်။

မျက်နှာပြင် ၆.၆၇ လက်မ in-display လက်ဗွေပါ OLED display နဲ့ လာဖို့ ရှိတဲ့ ဒီဖုန်းဟာ ကျောဘက်မှာ Sony IMX686 sensor 64MP ကင်မရာပါ Quad Lens စနစ် သုံးသွားမယ်လို့လည်း သတင်းထွက်ထားပါတယ်။ Redmi K30 Pro မိတ်ဆက်ပွဲမှာ ဒီဖုန်းနဲ့ အတူ WiFi 6 routers ၊ Redmi Tablet နဲ့ Redmi Band စမတ်လက်ပတ်တွေကိုလည်း မြင်ရဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က