ဒေါ်လာ ၃၅၀ ဝန်းကျင်တန်ဖုန်း ဖြစ်ဖို့ ရှိပါတယ်

လာမယ့်ဇူလိုင်လထဲမှာ OnePlus ဟာ OnePlus Z နာမည်နဲ့ အလတ်တန်းစားဖုန်းတစ်လုံးကို အိန္ဒိယဈေးကွက်ထဲ ဖြန့်ချိသွားဖို့ ရှိပါတယ်။


OnePlus ဟာ mid-range ဖုန်းတစ်လုံး ထုတ်နေကြောင်း သတင်းတွေကို အတည်ပြုထားပြီး OnePlus Z ဒါမှမဟုတ် OnePlus 8 Lite လို့ နာမည်ပေးသွားဖို့ ရှိပါတယ်။ Android Central သတင်းအရ ဒီဖုန်းကို အိန္ဒိယမှာ ဇူလိုင် ၁၀ ရက်နေ့ ကြေညာသွားမယ်လို့ ဆိုပါတယ်။ အိန္ဒိယဟာ OnePlus ရဲ့ အကြီးဆုံး ဈေးကွက်ကြီး ဖြစ်လို့ OnePlus ရဲ့ တန်ဖိုးသင့်ဖုန်းကို အိန္ဒိယဈေးကွက်ကနေ စတင်မိတ်ဆက်မယ်ဆိုတာ အဓိပ္ပါယ်ရှိပါတယ်။



Photo: visXnews



မိတ်ဆက်မယ့်ရက် အပြောင်းအလဲ ရှိနိုင်ပေမယ့် လောလောဆယ်မှာတော့ ဇူလိုင် ၁၀ ရက်နေ့လို့ပဲ ကြားထားပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ OnePlus Z ဟာ မျက်နှာပြင် ၆.၅၅ လက်မ 90Hz AMOLED dipslay နဲ့ လာမယ်လို့ ဆိုပါတယ်။ base model အတွက် RAM 6GB/128GB storage ပါရှိမှာ ဖြစ်ပြီး ကျောဘက်ကင်မရာပုံစံက ခေတ်ပေါ် စတုဂံပြောင်းပြန် ကင်မရာကွက်နဲ့ ဖြစ်ပါတယ်။

ကင်မရာအနေနဲ့ 48MP main sensor နဲ့အတူ 16MP wide-angle lens နဲ့ 2MP macro lens တို့ ပါရှိမှာပါ။ XDA-Developers သတင်းအရ OnePlus Z ဟာ Snapdragon 765 processor နဲ့ လာမယ်လို့ ဆိုပါတယ်။ Android Police သတင်းမှာပဲ OnePlus Z ဟာ အိန္ဒိယမှာ ရူပီး ၂၄၉၉၀ (မြန်မာငွေ ၄ သိန်း ၆ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ခန့်မှန်းထားပါတယ်။

OnePlus ရဲ့ နောက်ဆုံးထွက် OnePlus 8 series ကတော့ ပိုပြီး ပရီမီယံကျလာသလို ဈေးလည်း ပိုမြင့်လာပါတယ်။ ဒေါ်လာ ၃၅၀ ဝန်းကျင်တန် OnePlus Z ကတော့ mid-range ဖုန်းဈေးကွက်အတွက် မျက်စိကျစရာပါ။ OnePlus ဟာ ဇူလိုင် ၂ ရက်နေ့မှာ OnePlus TV ကို ကြေညာသါားဖို့လည်း ရှိပြီး ဒီပွဲမှာ OnePlus Z အကြောင်း ပိုပြီး ကြားရဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က