Touch ID နဲ့ နောက်ဆုံးလက်ကျန် iPhone လား

တန်ဖိုးနည်း iPhone တစ်လုံးအဖြစ် ကြေညာသွားမယ့် iPhone SE 2 ကို လာမယ့် မတ်လကုန်မှာ မြင်ရဖို့ ရှိပါတယ်။

မတ်လဟာ Apple ထုတ်ကုန်တစ်ချို့နဲ့ update services တွေအကြောင်း မိတ်ဆက်လေ့ရှိတဲ့ လဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လထဲမှာ Apple ဝန်ဆောင်မှုသစ်တွေ ဖြစ်တဲ့ Apple News+ ၊ Apple TV+ ၊ Apple Arcade နဲ့ Apple Card စတာတွေ မိတ်ဆက်ခဲ့သလို ၂၀၁၈ ခုနှစ် မတ်လထဲမှာလည်း ၂၂၉ ဒေါ်လာတန် ကျောင်းသုံး iPad သစ်ကို ကြေညာခဲ့ပါတယ်။






original iPhone SE ကို ၂၀၁၆ မတ်လ ၂၁ ရက်နေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဂျာမန်သတင်းဝက်ဘ်ဆိုက် iPhone-ticker.de သတင်းမှာတော့ iPhone SE 2 (ဒါမှမဟုတ်) iPhone 9 လို့ နာမည်ပေးသွားမယ့် တန်ဖိုးနည်း iPhone ကို ဒီနှစ် မတ်လ၃၁ ရက် အင်္ဂါနေ့မှာ စတင်ကြေညာပြီး ဧပြီ ၃ ရက် သောကြာနေ့မှာ စတင်ရောင်းချသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိ သိထားတဲ့ iPhone SE 2 ဆိုတာကတော့ iPhone 8 ရဲ့ ၄.၇ လက်မ screen အတိုင်း လာမှာ ဖြစ်ပြီး A13 Bionic processor အပါအဝင် iPhone 11 မှာ သုံးတဲ့ ပစ္စည်းအစိတ်အပိုင်းတစ်ချို့ပါ သုံးလာဖို့ ရှိပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေမှာ iPhone SE 2 ကို ဒေါ်လာ ၄၀၀ ဈေးနဲ့ ရောင်းချသွားမယ်လို့လည်း ဖော်ပြနေကြပါတယ်။

Apple အကြောင်း ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ မင်ချိကုအိုကတော့ iPhone SE 2 ဟာ 64GBနဲ့ 128GB storage ဗားရှင်းနှစ်မျိုးနဲ့ လာမယ်လို့ ဆိုပါတယ်။ အရောင်ကိုတော့ Space Gray ၊ Silver နဲ့ (PRODUCT) RED ကာလာ ၃ ရောင်နဲ့ ထွက်လာဖို့လည်း ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က