Apple ကိုလည်း တရားစွဲထားပါတယ်

Apple ကို တရားစွဲမယ်လို့ ကြွေးကြော်ခဲ့တဲ့ မူးယစ်ရာဇာ ပါဘလိုအက်စကိုဘာရဲ့ ညီ ရောဘတ်တို အက်စကိုဘာဟာ refer iPhone 11 Pro ကို ရောင်းဦးမယ်လို့ ဆိုပါတယ်။

Escobar Inc ဟာ ဒီတစ်ခါမှာ Refur အလုံး iPhone 11 Pro ကို ရောင်းချသွားမှာ ဖြစ်ပြီး ၄၉၉ ဒေါ်လာဈေးသတ်မှတ်သွားမယ်လို့ Engadget သတင်းက ဖော်ပြထားပါတယ်။ ကုမ္ပဏီအနေနဲ့ 256GB အမျိုးအစား iPhone 11 Pro ကို အရေအတွက် အကန့်အသတ်နဲ့ ပြန်လည်ပြုပြင်ပြီး ရောင်းချလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ Refur မော်ဒယ်ဟာ ၂၄ ကာရက် ရွှေပြားခတ်ထားပြီး Apple ရဲ့ Original accessories တွေ ဖြစ်တဲ့ အားသွင်းကြိုး ၊ အားသွင်း Charger နဲ့ နားကြပ်များ ပါဝင်မယ်လို့ ပြောပါတယ်။



Photo: Engadget


ဝက်ဘ်ဆိုက်ပေါ် ရောက်လာတဲ့ iPhone 11 Pro (Refur) ရဲ့ ကျောဘက်မှာ Escobar လိုဂို ထွင်းထားပြီး ဖုန်းသာ တကယ် ရောင်းချသွားမယ်ဆိုရင် တန်ဖိုးမြင့် သစ်သားဗူးနဲ့ ထွက်လာမှာပါ။ လောလောဆယ်မှာတော့ Escobar Inc ရဲ့ ပိုင်ရှင် ရောဘတ်တို အက်စကိုဘာဟာ သူ့ရဲ့ iPhone 11 Pro သစ်အကြောင်းကို တခမ်းတနား ချီးကျူးပြီး Apple ကို တိုက်ခိုက်ထားပါတယ်။

"ဒါက ကျွန်တော့်ရဲ့ Apple ကို ဖိုက်တဲ့ နည်းလမ်းပါ။ ကျွန်တော်က သူတို့ဖုန်းတွေကို ဈေးချပြီးရောင်းတယ် ၊ ကျွန်တော့်ပစ္စည်းက ရွှေပြားနဲ့လာတယ် ။ မိန်းကလေးတွေနဲ့ မိတ်ဆက်ထားတယ်။ Apple ဆို ဒါမျိုး ဘယ်တော့မှာ မလုပ်နိုင်ဘူး"လို့ ရောဘတ်တို အက်စကိုဘာက ဆိုပါတယ်။ Escobar Inc ရဲ့ YouTube Channel မှာလည်း မလုံမလဲ ဝတ်ထားတဲ့ မိန်းမပျိုတစ်စုဟာ စမတ်ဖုန်းကိုင်ပြီး အသုံးပြုနေတဲ့ ဗွီဒီယိုတင်ထားပါတယ်။

ဒေါ်လာ ၁၀၀၀ တန် iPhone 11 Pro ကို ဒေါ်လာ ၅၀၀ ဈေးနဲ့ ဝယ်ဖို့ဆိုတာ လောင်းကစားဆန်ပါတယ်။ အရင်ကလည်း Foldable ဖုန်းနဲ့ Escobar Inc ဟာ နာမည်ပျက်ရှိထားပါတယ်။ မားကွက်ဇ်ဘရောင်လီလို နာမည်ကျော် Tech Reviewer တွေဟာ Escobar ရဲ့ ဒေါ်လာ ၃၅၀ တန် ခေါက်သိမ်းနိုင် Escobar Fold 1 ဟာ Samsung Galaxy Fold ကို repackage ပြန်လုပ်ထားတာ ဖြစ်ပြီး အော်ဒါအများစုကိုလည်း ပေးပို့ခဲ့ခြင်း မရှိဘူးလို့ ပြောခဲ့ပါတယ်။




ရောဘတ်တိုအက်စကိုဘာဟာ မေလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ကယ်လီဖိုးနီးယားပြည်နယ် ဆန်မာတီယို ကောင်တီ တရားလွှတ်တော်မှာ Apple ကို ဒေါ်လာ ၂.၆ ဘီလျံရလိုကြောင်း တရားစွဲထားပါတယ်။ တရားစွဲမှုကတော့ သူသုံးနေတဲ့ iPhone X ကို FaceTime ကနေ hack တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အက်စကိုဘာရဲ့ စွဲဆိုချက်အရ iPhone X ဝယ်ပြီး တစ်နှစ်အကြာမှာ ဒီရေဂိုနာမည်နဲ့ လူတစ်ယောက်ဟာ သူ့ကို ခြိမ်းခြောက်စာ ပေးပို့တာ လက်ခံရရှိခဲ့တယ်လို့ ပါရှိပါတယ်။

ခြိမ်းခြောက်ခံရပြီးနောက် သူ့ရဲ့ လုံခြုံရေးအတွက် နေရာပြောင်းရွှေ့ခဲ့သလို လုံခြုံရေးလည်း တိုးမြှင့်ခဲ့ရပြီး ဒီအခြေအနေကြောင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖိအားပေးဒဏ်ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က