display အလန်းစားသုံးထားတာပါ

     အဆင့်မြင့် အသံနည်းပညာနဲ့AI ကင်မရာစနစ်တွေ ပါဝင်တဲ့ LG ရဲ့ အလတ်တန်းစား စမတ်ဖုန်း သုံးလုံးကို မိတ်ဆက်ပြသလိုက်ပြီ ဖြစ်ပါတယ်။

         LG Electronics ဟာ LGQ60 ၊ LG L50 နဲ့ LG K40 ဆိုတဲ့ စမတ်ဖုန်းသုံးမျိုးကို ကြေညာလိုက်တာ ဖြစ်ပြီး ဒီဖုနု်းသုံးမျိုးစလုံးဟာ နည်းပညာမြင့်တဲ့ high-end display နဲ့AI လုပ်ဆောင်ချက် အသားပေးလာတဲ့ စမတ်ဖုန်းတွေလို့ဆိုနိုင်ပါတယ်။ LG ရဲ့ HD+ FullVision display သုံးလာတဲ့ ဒီဖုန်းတွေဟာ ရှေ့ကင်မရာတစ်နေရာစာပဲ ချန်ထားတဲ့ notch ဒီဇိုင်းနဲ့အတူ အောက်ခြေမှာ နည်းနည်းလေး ထူးတယ်လို့ပြောနိုင်တဲ့ bezel ပါလာပါတယ်။




Photo: LG Q60

         ဒီဖုန်း ၃ မျိုးထဲမှာ LG Q60 နဲ့LG K50 တို့ကတော့ မျက်နှာပြင်ဆိုဒ်အကြီးဆုံး ဖြစ်ပြီး ၆.၂၆ လက်မစီရှိပါတယ်။ LG K40 ကတော့ ၅.၇ လက်မပါရှိပြီး ဖုန်းအားလုံးဟာ AI CAM လို့ခေါ်တဲ့ လူ ၊ အိမ်မွေးတိရစ္ဆာန်နဲ့အစားအသောက်တွေကို သိရှိမှတ်သားနိုင်ပြီး ကင်မရာ settings ကို လိုသလို ချိန်ပေးနိုင်တဲ့ AI လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။

         စိတ်ဝင်စားစရာတစ်ခုက ဒီဖုန်းတွေမှာ သုံးထားတဲ့ processor နာမည်မသိရဘဲ 2GHz octa-core chipset ပဲ သုံးမယ်လို့ကြေညာထားတာပါ။ RAM/storage မှာ LG K40 လို အနိမ့်မော်ဒယ်ကို 2GB /32GB သုံးထားပြီး LG K50 နဲ့LG Q60 တို့မှာ အမြင့်ဆုံး 3GB/32GB နဲ့RAM 3GB/64GB storage လောက်ပဲ သုံးထားတာကလည်း ထူးခြားနေပါတယ်။

         နောက်တစ်ခု တူညီတဲ့အချက်က ကိုယ်ထည်ဘေးမှာ Google Assistant ခလုတ်ပါလာပြီး DTS:X 3D ပတ်ပတ်လည် အသံစနစ်လိုမျိုး အဆင့်မြင့် audio နည်းပညာသုံးထားတာပါ။ အရွယ်အစားသေးငယ်တဲ့ LG K40 ဟာ 3000 mAh ဘက်ထရီပါရှိပြီး LG Q60 နဲ့LG K50 တို့ကတော့ 3500 mAh ဘက်ထရီနဲ့လာပါတယ်။

Photo: CNET

         ကင်မရာပိုင်းမှာတော့ LG Q60 ဟာ ကျောဘက်မှာ PDAF focus စနစ်ပါတဲ့ 16MP+Super-Wide ရိုက်ကူးနိုင်မယ့် 5MP ကင်မရာ နဲ့2MP Depth Sensor ဆိုပြီး ကျောဘက်ကင်မရာ ၃ လုံးတွဲနဲ့လာပါတယ်။ LG K50 မှာတော့ 13MP + 2MP ကင်မရာ ၊ LG K40 မှာ 13MP ကင်မရာတွေ သုံးထားတာပါ။ ရှေ့ဘက်မှာတော့ LG Q60 နဲ့LG K50 တို့ဟာ 13MP ဆယ်လ်ဖီကင်မရာ ၊ LG K40 ဟာ 8MP ကင်မရာတွေ ပါလာပါတယ်။

         LG ဖုန်းသစ်သုံးမျိုးစလုံးမှာ ကျောဘက် fingerprint scanner ပါပြီး 2G , 3G နဲ့LTE ကွန်ရက်တွေနဲ့ချိတ်ဆက်နိုင်မယ်လို့ပဲ သိထားပါတယ်။ ဈေးကွက်မှာ ဘယ်နေ့မိတ်ဆက်မလဲဆိုတာ မသိရသေးပေမယ့် MWC 2019 ပွဲမှာ ဖြန့်ချိမ်ယ့ရက်နဲ့ဈေးနှုန်း သိရဖို့ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က