မကြာသေးမီက OPPO ဟာ 5G modems တွေကို ကုမ္ပဏီရဲ့ ဖုန်းတွေမှာ စမ်းသပ်ခဲ့ပြီးနောက် Vivo ကလည်း 5G နည်းပညာကို NEX S တွေမှာ စမ်းသပ်အောင်မြင်ခဲ့ပါတယ်။
Photo: Gadgets Now
Vivo ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ မိတ်ဆက်ထားတဲ့ Qualcomm ရဲ့ X50 modem ကို သုံးထားတဲ့ NEX S ဖုန်းနဲ့5G ကွန်ရက်ကို စမ်းသပ်ခဲ့တာပါ။Qualcomm ချပ်စ်ကုမ္ပဏီဟာ 2Gbps နဲ့5Gbps မြန်နှုန်းတွေ ရှိတဲ့ X24 နဲ့X50 modems များကို ၂၀၁၉ ထုတ် စမတ်ဖုန်းများအတွက် ရည်ရွယ်ပြီး မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
ဇွန်လလယ်ပိုင်းက ဈေးကွက်ထဲ ရောက်လာခဲ့တဲ့ Vivo NEX S ဟာ ဒေတာမြန်နှုန်း 5Gbps အထိ ဆွဲနိုင်တဲ့ Qualcomm X50 modem သုံးပြီး စမ်းသပ်ခဲ့တာပါ။ ဒီမော်ဒယ်ဟာ 3GPP က ထုတ်ထားတဲ့ စံချိန်စံညွှန်း ၁၅ ခုကို အခြေခံပြီး LTE နဲ့NR (Near Radio) antennas များ ပေါင်းစပ်ထားတဲ့ မော်ဒယ်တစ်ခုပါဝင်ခဲ့တယ်လို့ဆိုပါတယ်။
စမ်းသပ်မှုဟာ ပထမအဆင့် ပရိုတိုကောလ်နဲ့KeySight UXM 5G သင်္ကေတစမ်းသပ်ချက်များ အောင်မြင်ခဲ့တယ်လို့GSM Arena က ထုတ်ပြန်ထားပါတယ်။ 5G ဖုန်း ထုတ်လုပ်နိုင်ဖို့ကြိုးပမ်းနေတဲ့ Vivo ဟာ နောက်နှစ်ထဲမှာ 5G devices တွေကို စီးပွားဖြစ် ထုတ်လုပ်နိုင်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။
Qualcomm ချပ်စ်ကုမ္ပဏီကလည်း OEM ပေါင်း ၁၉ ခုဟာ ၂၀၁၉ ခုနှစ်မှာ ယင်းတို့ရဲ့ 5G mobile ထုတ်ကုန်များမှာ Qualcomm ရဲ့ X50 modem ကို သုံးမယ်လို့ဆိုပါတယ်။5G စစ်စစ်ဟာ လက်ရှိ 4G ကွန်ရက်နည်းပညာထက် အနည်းဆုံး ၁၀ ဆကနေ အဆ ၁၀၀ အထိ မြန်ဆန်မှာ ဖြစ်ပြီး 4G ကွန်ရက်နဲ့၆ မိနစ်ကြာ ဒေါင်းလုပ်ဆွဲရတဲ့ 3D ရုပ်ရှင် တစ်ကားကို စက္ကန့်၃၀ တည်းနဲ့ဆွဲနိုင်မှာ ဖြစ်ပါတယ်။
Photo: TrendingAtoZ
တရုတ်တယ်လီကွန်းလုပ်ငန်းစုကြီးတစ်ခု ဖြစ်တဲ့ China Mobile ဟာ Qualcomm နဲ့5G ကဏ္ဍပူးပေါင်းရေးအတွက် သဘောတူညီထားတာပါ။ တစ်နည်းအားဖြင့် Vivo ၊ OPPO နဲ့OnePlus လို BKK Electronics ပိုင် စမတ်ဖုန်းကုမ္ပဏီတွေဟာ လာမယ့် နှစ်မှာ 5G ဖုန်းတွေအရင်ဆုံး ထုတ်နိုင်ဖို့အလားအလာကောင်းနေပါတယ်။