wireless charging သုံးနိုင်ဖို့ရှိပါတယ်

     ကျောဘက်ကင်မရာ ၅ လုံး သုံးသွားမယ့် Nokia 9 PureView ကို ဒီလထဲမှာ မြင်ရဖို့ရှိပါတယ်။




         Nokia ဖုန်းတွေကို ပြန်ထုတ်နေတဲ့ HMD Global ဟာ ၂၀၁၈ နှစ်ဆန်းပိုင်းမှာ Microsoft ပိုင် PureView brand ကို ဝယ်ယူခဲ့သလို နာမည်ကြီး ကင်မရာကုမ္ပဏီ Zeiss နဲ့ပူးပေါင်းပြီး Nokia အမြင့်ဖုန်းတွေမှာ အဆင့်မြင့် Zeiss ကင်မရာစနစ်ကို သုံးလာခဲ့တာပါ။ flagship ဖုန်းဈေးကွက်ထဲ ဦးတည်လာနေတဲ့ Nokia ရဲ့ ၂၀၁၉ စမတ်ဖုန်းဈေးကွက်ဟာ ကင်မရာအကောင်းဆုံး ဖုန်းတွေကို ပစ်မှတ်ထားတော့မှာ ဖြစ်ပါတယ်။

         အသစ်ထွက်လာမယ့် Nokia 9 PureView ဟာ ကျောဘက်မှာ ကင်မရာ ၅ လုံး သုံးသွားမှာ ဖြစ်ပြီး Snapdragon 845 processor နဲ့ထွက်လာမယ်လို့သတင်းပြေးနေပါတယ်။ processor အနေနဲ့၂၀၁၈ flagship အမျိုးအစားဖြစ်ပေမယ့် အခုချိန်မှာ 5G support ပေးနိုင်တဲ့ Snapdragon 855 SoC လို အဆင့်မြင့် chipset ကို ၂၀၁၉ မှာ သုံးတော့မှာပါ။

         Nokia 9 PureView မှာ ၂၀၁၉ flagship processor မသုံးနိုင်ပေမယ့် အရင် Nokia ဖုန်းတွေနဲ့လုံးဝကွဲပြားတဲ့ ဖုန်းတစ်လုံးအဖြစ် မြင်ရမှာ သေချာသလောက် ရှိပါတယ်။ မျက်နှာပြင် ၅.၉၉ လက်မdisplay ဟာ HDR 10 နဲ့လာတဲ့ 2K displayဖြစ်ပြီး ရုပ်ထွက်အနေနဲ့2880 x 1440 pixel ရုပ်ထွက်ပါရှိမှာပါ။ HDR 10 ရတဲ့ display ဖြစ်လို့ကာလာပိုင်းမှာ အရင်HDR မဟုတ်တဲ့ display တွေထက် ပိုပြီး ကာလာစုံလင်မှာပါ။

         notch မသုံးတဲ့ ဒီဖုန်းမှာ နောက်ထပ် မြင်ရမယ့်အချက်တစ်ခုက in-display fingerprint scanner ဖြစ်ပြီး လက်ရှိဈေးကွက်မှာ OnePlus 6T မှာ သုံးနေတဲ့ optical sensor ဖြစ်မလား ၊ ultrasonic နည်းပညာသုံး ဖြစ်လာမလားဆိုတာ မသိရသေးပါဘူး။ RAM 6GB/128GB storage နဲ့လာပြီး wireless charging စနစ်ကို သုံးနိုင်မယ်လို့ယူဆရပါတယ်။



         Nokia 9 PureView ကို ဇန်နဝါရီလ လာ့စ်ဗီးဂတ်စ်မှာ ကျင်းပသွားမယ့် CES 2019 ပွဲမှာ ကြေငြာသွားဖို့ရှိပြီး ဒီပွဲမှာ သတင်းအပြည့်အစုံကို စောင့်ကြည့်ရမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က