Full Screen iPhone တွေ မြင်ရတော့မလား

၂၀၂၀ ပြည့်နှစ်မှာ ထွက်လာမယ့် iPhone သစ်ဟာ notch လုံးဝမပါတဲ့ ဖုန်းအဖြစ် တွေ့ရဖို့ရှိပေါတယ်။

         Apple ဟာ iPhone X မှာ notch display သုံးပြီး မှန်ပြင်နေရာယူမှုမြင့်တဲ့ ဖုန်းအဖြစ် စတင် ကြေညာခဲ့တာပါ။ ၂၀၁၇ နောက်ပိုင်း ထွက်လာတဲ့ iPhone သစ်တွေမှာ  iPhone X က စခဲ့တဲ့ notch ကို သုံးလာခဲ့ပါတယ်။ အန်းဒရိုက်ဖုန်းလောကမှာလည်း notch ကို ပုံစံမျိုးစုံနဲ့သုံးလာခဲ့ပြီး အခုဆို notch ကို ဖျောက်ပြီး Notch Less ဖုန်းဖြစ်စေဖို့pop-up ကင်မရာ ၊ UD selfie camera စတဲ့ နည်းပညာသစ်တွေပါ တီထွင်လာခဲ့ပြီ ဖြစ်ပါတယ်။

Photo: applemagazine



         ဒီနှစ်ထဲ မိတ်ဆက်မယ့် iPhone တွေမှာတော့ ပုံမှန်အတိုင်း FaceID ပါပြီး notch နဲ့လာမှာပါ။ ဒါပေမယ့် စမတ်ဖုန်းဈေးကွက် ကျွမ်းကျင်သူ မင်ချိကုအိုနဲ့China Times သတင်းတွေအရတော့ လာမယ့် ၂၀၂၀ မှာ မိတ်ဆက်သွားမယ့် iPhone သုံးမျိုးအနက် တစ်ခုဟာ notch မပါဘဲ မှန်ပြင်တစ်ခုလုံးမှာ အသုံးပြုနိုင်မယ့် Under-Screen Fingerprint နည်းပညာသုံးသွားမယ်လို့ဆိုပါတယ်။

         ၂၀၂၁ မှာတော့ iPhone အားလုံးဟာ notch-less ဖြစ်လာပြီး မှန်ပြင်အောက် လက်ဗွေနည်းပညာတွေနဲ့ပဲ လာတော့မယ်လို့လည်း ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ Apple ဟာ တရုတ်နိုင်ငံအတွက် မှန်ပြင်အောက် လက်ဗွေနည်းပညာပါပြီး ဈေးသင့်မယ့် iPhone သစ်ကို ကြေညာသွားမယ်လို့သတင်းထွက်နေပါတယ်။ မှန်ပြင်အောက် လက်ဗွေနည်းပညာဟာ FaceID မှာ သုံးတဲ့ အာရုံခံ sensor တွေထက် ဈေးပိုသက်သာတာကြောင့် ဒီသတင်းဟာ ဖြစ်နိုင်ခြေများတဲ့ သတင်းကောင်း ဖြစ်နေပါတယ်။

Photo: idropnews

         ပြီးခဲ့တဲ့ မေလထဲမှာလည်း Apple ဟာ အာရှက Supply Chain တွေနဲ့တွေ့ဆုံခဲ့ပြီး Full-Sceen Touch ID သုံးဖို့စီစဉ်နေတယ်လို့Barclays က ဈေးကွက်ကျွမ်းကျင်သူတွေ သုံးသပ်ခဲ့ပါတယ်။ Apple ရဲ့ Supplier တစ်ခုဖြစ်တဲ့ AMS ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ မှန်ပြင်အောက်မှာ တပ်ဆင်နိုင်မယ့် RGB အလင်းနဲ့အနီအောက်ရောင်ခြည်ဖတ် အာရုံခံစနစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီ မှန်ပြင်အောက် sensor တွေကြောင့် ဖုန်းမျက်နှာပြင်ပေါ်က space နေရာယူမှုကို လျှော့ချနိုင်တော့မှာပါ။

         စမတ်ဖုန်းဈေးကွက်မှာတော့ မှန်ပြင်အောက် ကင်မရာနဲ့လက်ဗွေစနစ်တွေကို OPPO နဲ့Xiaomi တို့က နမူနာသရုပ်ပြကြေညာထားပါတယ်။ ဒီနည်းပညာတွေကြောင့် ဘောင်လုံးဝမရှိ ၊ notch လုံးဝ သုံးစရာမလိုတဲ့ စမတ်ဖုန်းတွေကို လာမယ့်နှစ်မှာ မြင်ရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က