ကင်မရာဒီဇိုင်းက အလန်းကြီး
Nyein Min Wai

Xiaomi ရဲ့ sub-brand တစ်ခု ဖြစ်တဲ့ Redmi ဟာ mid-range ဖုန်းဈေးကွက်အတွက် အပြောင်းအလဲသစ် ဖြစ်စေမယ့် ဖုန်းသစ်တစ်မျိုးကို ရက်ပိုင်းအတွင်း မိတ်ဆက်သွားတော့မှာပါ။

ဒီဇိုင်းပိုင်း သစ်လွင်ထူးခြားပြီး Quad Lens သုံး Redmi K30 ဖုန်းသစ်တွေ မိတ်မဆက်သေးခင်မှာ တရားဝင် ပိုစတာတွေ ထွက်ထားပါတယ်။ တရုတ်မင်းသား ဝမ်ယီဘိုနဲ့ ကြော်ငြာထားတဲ့ ပိုစတာအရ Redmi K30 ဟာ ကျောဘက် စက်ဝိုင်းပုံသဏ္ဍာန်အကွက်ထဲမှာ ထောင်လိုက် ကင်မရာ ၄ လုံး သုံးထားတာ တွေ့ရပါတယ်။

Photo: andro4all


Gizmochina သတင်းရဲ့ ခန့်မှန်းချက်အရ Quad Camera ထဲမှာ 60MP Sony IMX686 sensor ၊ 13MP ultrawide sensor ၊ optical zoom ပါတဲ့ 8MP telephoto နဲ့ 2MP sensor ဆိုပြီး ကင်မရာ ၄ လုံး သုံးမယ်လို့ ဆိုပါတယ်။ ရှေ့ display အပေါ်ညာထောင့် punch hole မှာ 32MP ဆယ်လ်ဖီကင်မရာနဲ့ 3D မျက်နှာပြင်ဖတ်နိုင်မယ့် ToF sensor တွေ သုံးသွားမှာပါ။

Redmi K30 series ဟာ 5G ဗားရှင်းပါ စတင် မိတ်ဆက်သွားမယ်လို့ သတင်းထွက်ထားပါတယ်။ရိုးရိုး 4G ဗားရှင်း Redmi K30 ဟာ Snapdragon 730G processor နဲ့ လာဖို့ ရှိပါတယ်။ တရုတ်မင်းသားဝမ်ယီဘိုနဲ့ ကြော်ငြာထားတဲ့ ပိုစတာပုံပါ Redmi K30 ဖုန်းကျောဘက် ကင်မရာ setup အောက်မှာ 5G လို့ ရေးထားတာတွေ့ရပါတယ်။ 5G ဗားရှင်းဟာ MediaTek ရဲ့ ပထမဆုံး 5G chipset သစ် သုံးလာဖို့ ရှိပါတယ်။

Photo: gizchina


MediaTek ထုတ် 5G modem ပါ Dimensity 1000 ဟာ SA နဲ့ NSA mode နှစ်ခုလုံး ပံ့ပိုးပေးတဲ့ dual 5G နဲ့လာပြီး AnTuTu benchmarks အရ Snapdragon 855+ နဲ့ Apple A13 Bionic chipset တွေထက် ပိုပြီး ရမှတ်မြင့်တဲ့ chipset သစ်လည်း ဖြစ်ပါတယ်။ Redmi K30 ဟာ 4500mAh ကနေ 5000 mAh ဘက်ထရီပါဝါအကြား ဘက်ထရီပါဝါသုံးသွားဖို့ ရှိပြီး 27W fast charging အားသွင်းစနစ် ပံ့ပိုးပေးသွားဖို့ ရှိပါတယ်။

သတင်းတွေအရ Redmi K30 ဟာ မျက်နှာပြင်အရွယ်အစား ၆.၆ လက်မ ရှိပြီး Pro ဗားရှင်းမှာ 120Hz refresh rate ရတဲ့ IPS LCD display နဲ့ လာဖို့ ရှိပါတယ်။ ရိုးရိုး Redmi K30 ကတော့ ပုံမှန် 60Hz display သုံးသွားဖို့ ရှိပြီး LCD display ဖြစ်တာကြောင့် လက်ဗွေကို ကိုယ်ထည်ဘေး ဘောင်ပေါ်က power ခလုတ်ထဲမှာ ထည့်ပေးသွားဖို့ ရှိနေပါတယ်။


Author


က္က