အောက်တိုဘာ ၁၇ ရက်နေ့မိတ်ဆက်သွားမှာပါ။
Nyein Min Wai

အခုချိန်ထိတော့ OnePlus ဖုန်းတွေထဲမှာ in-display လက်ဗွေစနစ် သုံးတဲ့ ဖုန်းမရှိသေးပါဘူး။

gsmarena_001.jpg

Photo: GSMArena

 

OnePlus ၊ OPPO နဲ့Vivo တို့ဟာ တရုတ်မာလ်တီနေရှင်နယ် လုပ်ငန်းစုကြီးဖြစ်တဲ့ BBK Electronics ကော်ပိုရေးရှင်း အောက်မှာ ရှိတဲ့ စမတ်ဖုန်းကုမ္ပဏီတွေပါ။ OnePlus ကလွဲရင် ကျန်တဲ့ ဖုန်းကုမ္ပဏီ ၂ ခုကတော့ မှန်ပြင်အောက် လက်ဗွေစနစ်ကို ကုမ္ပဏီရဲ့ တစ်ချို့mid-range နဲ့တန်ဖိုးကြီး flagship မော်ဒယ်တွေမှာ သုံးနေတာ အတော်လေးကို ကြာနေပါပြီ။

လာမယ့် အောက်တိုဘာ ၁၇ ရက်နေ့မှာ မိတ်ဆက်သွားမယ့် ဒီဖုန်းရဲ့ ထူးခြားတဲ့ feature တစ်ခုအနေနဲ့ကုမ္ပဏီကိုယ်တိုင်က OnePlus 6T ဟာ မှန်ပြင်အောက် လက်ဗွေစနစ်ကို သုံးလာမယ်လို့တရားဝင် ကြေငြာထားပါတယ်။ Screen Unlock နည်းပညာအဖြစ် နာမည်ပေးထားတဲ့ ဒီနည်းပညာဟာ အမေရိကန်ဈေးကွက်မှာလည်း ပထမဆုံး in-displayလက်ဗွေနည်းပညာသုံး ဖုန်းအဖြစ် မိတ်ဆက်သွားမှာပါ။

"တစ်နေ့တစ်နေ့ကျွန်တော်တို့ဟာ ဖုန်းကို အကြိမ်ပေါင်း များစွာ ဖွင့်ကြရပါတယ်။ Screen Unlock နည်းပညာငက ဖုန်းဖွင့်ဖို့လုပ်ရတဲ့ အဆင့်ပေါင်းများစွာကို လျှော့ချနိုင်မှာပါ။ Face Unlock လို နည်းပညာတွေအပြင် အခု နည်းပညာတွေပါ သုံးလာမယ်ဆိုရင် ဖုန်းသုံးသူတွေအနေနဲ့သူတို့ရဲ့ ဖုန်း display ကို ဖွင့်ဖို့ပိုပြီး အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ " လို့ OnePlus ကုမ္ပဏီက ဆိုပါတယ်။

OnePlus 6T ဟာ နောက်ထွက် OPPO ဖုန်းများအတိုင်း notch သစ်နဲ့ထွက်လာမှာ ဖြစ်ပြီး in-display လက်ဗွေစနစ် သုံးနိုင်ဖို့အတွက် OLED display နဲ့လာမှာ သေချာနေပါတယ်။ OnePlus ဟာ မှန်ပြင်အောက် လက်ဗွေစနစ်ကို OnePlus 5T မှာကတည်းက သုံးဖို့ကြိုးပမ်းခဲ့ပေမယ့် ထိုအချိန်က နည်းပညာဖွံ့ဖြိုးမှု စံမမှီသေးတာကြောင့် မသုံးခဲ့တာလို့ဆိုပါတယ်။

OnePlus-6T-Official-Image.png

Photo: Phone Rader

 

ကမ္ဘာပေါ်မှာ ပထမဆုံး မှန်ပြင်အောက် လက်ဗွေထည့်ထားတဲ့ Vivo ရဲ့ စမတ်ဖုန်းဟာ Vivo X20 Plus UD ဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီ တတိယပတ်မှာ မိတ်ဆက်သွားခဲ့တာပါ။ အခုချိန်မှာ Vivo V11 ၊ Vivo NEX ၊ OPPO R17 Pro စတဲ့ဖုန်းများအပြင် Huawei ရဲ့ Porsche Design Mate RS မော်ဒယ်နဲ့ Xiaomi Mi 8 Explorer Edition တို့မှာပါ ဒီနည်းပညာကို အသုံးပြုလာပြီ ဖြစ်ပါတယ်။


က္က