120Hz display နဲ့ မြင်ရဖို့ ရှိပါတယ်

နှစ်ကုန်ခါနီးတိုင်း T-series flagship ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်နေကျ ထုံးစံအတိုင်း မကြာခင်မှာ OnePlus 8T ကို မြင်ရတော့မှာပါ။

OnePlus 8T ဟာ ဒီနှစ်ထဲ ထွက်ထားတဲ့ OnePlus 8/8 Pro တို့ရဲ့ အဆက်ဖြစ်ပြီး ပိုမိုသစ်လွင်တဲ့ Processor နဲ့ လာမှာ သေချာပါတယ်။ Android Central သတင်းအရ OnePlus 8T ဟာ Qualcomm ရဲ့ Snapdragon 865 Plus SoC သုံးထားပြီး RAM 8GB/128GB storage ပါရှိမယ်လို့ ဖော်ပြထားပါတယ်။



Photo: GSMArena


ကျောဘက်မှာ လေးလုံးတွဲကင်မရာစနစ်ကိုပဲ သုံးသွားဖို့ ရှိပြီး 48MP main sensor ၊ 16MP wide-angle ကင်မရာ ၊ 5MP macro unit နဲ့ portraits အတွက် 2MP depth sensor တို့ သုံးသွားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ main sensor ဟာ OnePlus 8 စီးရီးထက် ရုပ်ထွက်အရည်အသွေး ပိုကောင်းတဲ့ Imaging sensor သစ် သုံးသွားဖို့လည်း ရှိပါတယ်။


screen size ဟာ OnePlus 8 လို ၆.၅၅ လက်မနဲ့ လာပြီး OnePlus 8 Pro အတိုင်း 120Hz ပါမယ်လို့ ဆိုပါတယ်။ လောလောဆယ် ပေါက်ကြားလာတဲ့ ဒီဇိုင်းပုံတွေအရ OnePlus 8T ဟာ curved display မဟုတ်ဘဲ flat panel အပြားနဲ့ ထွက်လာဖို့ ရှိပါတယ်။ OnePlus 8 အတိုင်း အပေါ်ဘယ်ထောင့်မှာ punch-hole ကင်မရာ သုံးထားပါတယ်။

OnePlus 8T ဟာ Android 11 ကို အခြေခံထားတဲ့ OxygenOS 11 နဲ့ လာမှာပါ။ မိတ်ဆက်မယ့်အချိန်ကတော့ အခုထိ မသိရသေးပါဘူး။ စက်တင်ဘာလကုန် ဒါမှမဟုတ် အောက်တိုဘာ ပထမပတ်မှာ မိတ်ဆက်ဖို့ ရှိတယ်လို့ပဲ ခန့်မှန်းနေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က