120Hz display နဲ့ ထွက်လာမလား

သတင်းအမျိုးမျိုး ပေါက်ကြားနေတဲ့ OnePlus ရဲ့ နောက်ဆုံးထွက် T-series စမတ်ဖုန်းကို လာမယ့်လထဲမှာ ကြေညာသွားဖို့ ရှိပါတယ်။

နာမည်ကြီးစမတ်ဖုန်း သတင်းသမားတစ်ဦးဖြစ်တဲ့ အီရှန်အဂါဝဲလ်ကတော့ အောက်တိုဘာ ၁၄ ရက်နေ့ OnePlus 8T မိတ်ဆက်မယ်လို့ ဆိုပါတယ်။ လောလောဆယ် ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ပွဲစီစဉ်မယ့်အချိန်ကာလ အပြောင်းအလဲတော့ ရှိနိုင်တယ်လို့လည်း သူက ပြောထားပါတယ်။



Photo: mysmartprice

OnePlus ဟာ များသောအားဖြင့် စက်တင်ဘာလထဲမှာ T-Series ဖုန်းသစ်တွေကို မိတ်ဆက်တာပါ။ အရင်နှစ်က OnePlus 7T ကိုလည်း OnePlus TV Q1 series တွေနဲ့အတူ စက်တင်ဘာလထဲမှာ ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။ T-Series ဟာ OnPlus ရဲ့ flagshi စီးရီးကိုမှ အဆင့်မြှင့်တင်မှုတစ်ချို့ လုပ်ထားတဲ့ ဖုန်းပါ။

အတည်မပြုနိုင်သေးတဲ့ အချက်အလက်တွေအရ OnePlus 8T ဟာ OnePlus 8 Pro ပြီးရင် ကုမ္ပဏီရဲ့ ဒုတိယမြောက် 120Hz display သုံးဖုန်း ဖြစ်မယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာ 120Hz ဖုန်းအရေအတွက်ကလည်း သိပ်အများကြီးတော့ မဟုတ်ပါဘူး။ OnePlus 8T ဟာ ကျောဘက်မှာ L ပုံစံ ကင်မရာလေးလုံးတွဲနဲ့လာဖို့ ရှိပါတယ်။

Photo: GSMArena

ရှေ့ display panel ဟာ ဘယ်ဘက်အပေါ်ထောင့်မှာ punch-hole ဒီဇိုင်း သုံးသွားဖို့ ရှိပါတယ်။ OnePlus 8T ဟာ Snapdragon 865 processor သုံးထားပြီး RAM 8GB/128GB storage ၊ 12GB/256GB ‌ဆိုပြီး ဗားရှင်းနှစ်မျိုး ထွက်လာဖို့ ရှိပါတယ်။ ကျောဘက် Quad lens ဟာ 48MP primary lens ၊ 16MP wide lens ၊ 5MP macro lens နဲ့ 2MP portrait lens သုံးသွားမယ်လို့ သတင်းထွက်နေပါတယ်။

OnePlus 8T ဟာ 4500mAh ဘက်ထရီ သုံးထားပြီး 65W charging ပါလာမယ်လို့ ဆိုပါတယ်။ OnePlus 8T မိတ်ဆက်ပွဲကို အွန်လိုင်းပွဲအဖြစ်ပဲ ကျင်းပသွားမှာ ဖြစ်ပြီး တရားဝင်အချက်အလက်တွေသိရဖို့ ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က