dual selfie ကင်မရာနဲ့ ဖုန်းပါ

OnePlus ရဲ့ အသစ်ထွက်လာမယ့် mid-range ဖုန်းအကြောင်း ကြားရတဲ့ သတင်းတွေက စိတ်ဝင်စားကောင်းနေပါတယ်။

OnePlus ဖုန်းသစ်ကို OnePlus Nord နာမည်နဲ့ မိတ်ဆက်သွားမှာ ဖြစ်ပြီး ဖုန်းရဲ့ နမူနာပုံစံတူ Dummy Unit ပါ ဗွီဒီယိုနဲ့ တက်လာပါတယ်။ OnePlus Nord ဟာ ရှေ့ကင်မရာ ၂ လုံး သုံးမယ့် ဖုန်းဖြစ်ပြီး ဘယ်ဘက်အပေါ်ထောင့်မှာ punch-hole notch သုံးထားပါတယ်။ ဖုန်းအောက်ခြေ USB port ရဲ့ ညာဘက်မှာ Speaker Grille တစ်ခုပါပြီး ဘယ်ဘက်မှာ SIM card tray ထည့်ထားပါတယ်။



Photo: fonearena

ကျောဘက်ကင်မရာဟာ L ပုံစံ ပြောင်းပြန်ဖြစ်ပြီး Triple lens ကင်မရာစနစ် သုံးထားပါတယ်။ အဝါရောင်ကာလာသစ်ကိုလည်း OnePlus Nord မှာ မြင်ရဖို့ ရှိပါတယ်။ အတည်မပြုရသေးတဲ့ အချက်အလက်တွေအရ OnePlus Nord ဟာ မျက်နှာပြင် ၆.၆၅ လက်မ AMOLED display နဲ့ လာပြီး 90Hz refresh rate ပါမယ်လို့ ဆိုပါတယ်။

OnePlus Nord ဟာ Qualcomm Snapdragon 765G processor သုံးထားတဲ့ 5G ဖုန်းအဖြစ်လည်း မြင်ရဖို့ ရှိပါတယ်။ RAM 6GB သုံးသွားဖို့ ရှိပြီး 30W fast charging အားသွင်းစနစ်လည်း သုံးလာနိုင်ပါတယ်။ ဖုန်းမှာ သုံးမယ့် ဘက်ထရီပါဝါနဲ့ ကင်မရာ အချက်အလက်တွေ မသိရသေးပါဘူး။ OnePlus Nord ကို ဇူလိုင် ၁၀ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ ယူဆထားပါတယ်။

Photo: News Chant

အစောပိုင်း သတင်းတွေအရ OnePlus Nord ကို ဒေါ်လာ ၃၀၀ ဈေးကနေ စတင်ရောင်းချသွားမယ်လို့ ဖော်ပြထားပါတယ်။OnePlus ကို တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကားလ်ပိုင်ကတော့ OnePlus Nord ဟာ ဒေါ်လာ ၅၀၀ အောက် ဈေးနဲ့ ထွက်လာမယ့် ကုမ္ပဏီရဲ့ ပထမဆုံးဖုန်းတစ်လုံး ဖြစ်မယ်လို့ ဆိုပါတယ်။ 

ဒီအတိုင်းဆိုရင်တော့ OnePlus အနေနဲ့ ဒီဖုန်းကို ဒေါ်လာ ၄၅၀ (မြန်မာငွေ ၆ သိန်းဝန်းကျင်) ဈေးနဲ့ မိတ်ဆက်သွားဖို့ နီးစပ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က