brand သစ်အတွက် စံချိန်သစ်ပါ
Nyein Min Wai

Realme နာမည်နဲ့ထုတ်လိုက်တဲ့ ဒုတိယမျိုးဆက် OPPO brand တစ်ခုဟာ flash sale အနေနဲ့စပြီး ဖြန့်ချိန်မှာ စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

oppo-realme-2.jpg

Photo: GSMArena

 

သြဂုတ်လကုန်ပိုင်းက မိတ်ဆက်ခဲ့တဲ့ OPPO Realme 2 ဟာ တန်ဖိုးနည်း brand သစ်ဖြစ်ပြီး အိန္ဒိယဈေးကွက်သီးသန့်ပဲ ထွက်ထားတာပါ။ brand သစ်အတွက် စံချိန်သစ်အဖြစ် ဒီဖုန်းဟာ ၅ မိနစ်အတွင်း အလုံးရေ ၂ သိန်းအထိ ရောင်းချနိုင်ခဲ့တယ်လို့ကုမ္ပဏီက Twitter မှာ ကြေငြာခဲ့ပါတယ်။ 

အိန္ဒိယဈေးကွက်အတွက် သီးသန့်မော်ဒယ်အနေနဲ့ထွက်လာတဲ့ ဒီဖုန်းဟာ Real 1 ရဲ့ အဆက် ဆိုပေမယ့် ဒီဇိုင်း ၊ ကင်မရာနဲ့ဘက်ထရီစနစ်တွေ ပိုပြီး အဆင့်မြင့်လာပါတယ်။ Realme 1 နဲ့၃ လခြားပြီး ထွက်ထားတဲ့ ဒီဖုန်းမှာတော့ မျက်နှာပြင် ၆.၂ လက်မ notch display သုံးထားပြီး 19:9 screen အချိုးအစားနဲ့ထွက်လာတာပါ။

တန်ဖိုးသင့်ဖုန်းဖြစ်တဲ့အတိုင်း Snapdragon 450 SoC အနိမ့်ကိုမှ RAM/storage ဗားရှင်း ၂ မျိုးနဲ့ထွက်လာတာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာ ထူးခြားတာက ကျောဘက်ပိုင်းမှာ OPPO ရဲ့ Diamond shape ဖော်ထားပါတယ်။

OPPO Realme 2 ရဲ့ ထူးခြားချက်က ကျောဘက်မှာ fingerprint scanner နဲ့အတူ အလျားလိုက် dual cameras သုံးသွားတာ ဖြစ်ပါတယ်။ အလျားလိုက် 13MP+2MP ကင်မရာနှစ်လုံးတွဲ စနစ်ကြောင့် bokeh effects ရိုက်ချက်များနဲ့ နာမည်ကြီး Portrait mode များ ရိုက်နိုင်လာပါတယ်။ အရှေ့8MP ကင်မရာကလည်း ဆယ်လ်ဖီအပြင် Face Unlock အတွက်ပါ သုံးနိုင်တော့မှာပါ။

ဘက်ထရီမှာတော့ 4230 mAh ဘက်ထရီအကြီးကို သုံးလာတာကြောင့် အားခံမယ့် ဖုန်းတစ်လုံးအဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီဘက်ထရီမှာ AI Power Manager နဲ့စွမ်းအင် ချိန်ညှိမှု ပါရှိတာကြောင့် ဂိမ်း ၁၀ နာရီဆက်တိုက် ဆော့နိုင်မှာပါ။ဆော့ဖ်ဝဲလ်စနစ်ပိုင်းမှာ Color OS 5.1 နဲ့လာတဲ့ Android 8.1 Oreo သုံးထားပြီး Diamond ကွက်ဖော်ထားတဲ့ အနီ ၊ အပြာန ဲ့အနက် ကာလာများနဲ့ထွက်ထားပါတယ်။

RealMe-2-4.jpeg

Photo: XDA Developers

 

လောလောဆယ်မှာတော့ အိန္ဒိယဈေးကွက်မှာ  Diamond Black နဲ့Red နှစ်ရောင်ပဲ ဝယ်ယူနိုင်ပြီး အနိမ့်မော်ဒယ်ဖြစ်တဲ့ RAM 3GB/32GB ဗားရှင်းကို ၈၉၉၀ ရူပီး (မြန်မာငွေ ၂ သိန်းနီးပါး) နဲ့RAM 4GB/64GB storage ကို ၁၀၉၉၀ ရူပီး (မြန်မာငွေ ၂ သိန်း ၄ သောင်းနီးပါး) ဈေးနဲ့ရောင်းချနေပါတယ်။

 


ဆက်စပ်အကြောင်းအရာများ


က္က