Pixel 5 နဲ့အတူ မိတ်ဆက်သွားမှာပါ

Google ရဲ့ mid-range 5G ဖုန်းအကြောင်း တရားဝင်အချက်အလက်တစ်ချို့ ထွက်လာပြီ ဖြစ်ပါတယ်။

Pixel 4a 5G ဟာ Google ရဲ့ ပထမဆုံး 5G ကွန်ရက်ချိတ်ဆက်မှု ပါလာမယ့် ဖုန်းဖြစ်ပြီး ဩဂုတ်လဆန်းပိုင်းက ထွက်ရှိထားတဲ့ Pixel 4a ကို အဆင့်မြှင့်ထားတဲ့ ဗားရှင်းအဖြစ် မြင်ရမှာပါ။ Pixel 4a နဲ့တစ်ပုံစံတည်း punch-hole display ၊ ကျောဘက်စတုရန်းကင်မရာကွက် ၊ fingerprint scanner တပ်ဒီဇိုင်းကို သုံးသွားမှာ ဖြစ်ပေမယ့် မတူတဲ့ အချက်တွေလည်း ရှိပါတယ်။ 



Photo: gadgetsgoal

သိသိသာသာ ကွဲပြားသွားတာကတော့ Screen Size ပိုကြီးတဲ့ ၆.၂ လက်မအရွယ်အစားနဲ့ လာတာ ဖြစ်ပြီး 5G-ready ဖြစ်ပြီး စွမ်းဆောင်ရည် ပိုကောင်းတဲ့ Snapdragon 765G processor သုံးလာမှာ ဖြစ်ပါတယ်။ နောက်ထပ် အပြောင်းအလဲတစ်ခုက Pixel 4a လို ကျောဘက် Single lens မဟုတ်ဘဲ နှစ်လုံးတွဲ Daul Cameras နဲ့ လာမယ်လို့ ဆိုပါတယ်။

Pixel 4a 5G ကို Pixel 5 ဖုန်းနဲ့အတူ ကြေညာသွားဖို့ ရှိပြီး Pixel 5 အတိုင်း ကျောဘက်မှာ 12.2MP wide-angle နဲ့ 16MP ultrawide lens တို့ သုံးသွားဖို့ ရှိပါတယ်။ Pixel 5 မှာ RAM 8GB သုံးထားပြီး Pixel 4a 5G ကတော့ RAM 6GB နဲ့ လာမယ်လို့ သတင်းထွက်နေပါတယ်။ နောက်တစ်ခုက Pixel 4a လိုပဲ ရေစို/ဖုန်တင်ခံနိုင်ရည် IP-rating ပါလာဖို့ မရှိပါဘူး။

Photo: Android Authority

ဘက်ထရီပါဝါအနေနဲ့ Pixel 4a 5G ဟာ Pixel 4a နဲ့ Pixel 5 တို့ရဲ့ 3140mAh နဲ့ 4080mAh ဘက်ထရီပါဝါအကြား ပါဝါဖြစ်တဲ့ 3885 mAh နဲ့ လာမယ်လို့ သတင်းထွက်နေပါတယ်။ Pixel 4a 5G ကို ပုံမှန် 60Hz display အဖြစ် မြင်ရမှာ ဖြစ်ပေမယ့် Pixel 5 ကတော့ 90Hz display ကို သုံးသွားဖို့ ရှိနေပါတယ်။

Pixel 4a 5G ကို ဒီနှစ် ဆောင်းတွင်းပိုင်းမှာ ဖြန့်ချိသွားမှာ ဖြစ်ပြီး မိတ်ဆက်မယ့်ရက်ဟာ စက်တင်ဘာ၃၀ ဖြစ်ဖို့ မှန်းထားပါတယ်။ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၅၀၀ (မြန်မာငွေ ၆ သိန်းခွဲ) ဈေးနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က