Galaxy A52 လည်း မိတ်ဆက်သွားမှာပါ

ကမ္ဘာ့ပထမဆုံး Quad Camera ဖုန်းကို မိတ်ဆက်ခဲ့တဲ့ Samsung ဟာ မကြာခင်မှာ ကုမ္ပဏီရဲ့ ပထမဆုံး ကင်မရာငါးလုံးပါ ဖုန်းကို ကြေညာသွားတော့မှာပါ။

Galaxy A72 ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ကင်မရာငါးလုံးတွဲ Penta-Camera ဖုန်း ဖြစ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ Galaxy A72 ဟာ ကမ္ဘာ့ပထမဆုံး Penta ကင်မရာဖုန်းတော့ မဟုတ်ပါဘူး။ Nokia 9 PureView ကတော့ ကမ္ဘာပေါ်မှာ ပထမဆုံး ငါးလုံးတွဲကင်မရာသုံး ဖုန်းပါ။



Photo: time24

Samsung ရဲ့ Galaxy A-Series တွေဟာ ကင်မရာပိုင်း ဆန်းသစ်မှုတွေ တွေ့ရတဲ့ ဖုန်းတွေဖြစ်ပြီး Galaxy A80 ဆိုရင် ကုမ္ပဏီရဲ့ ပထမဆုံး flip up ကင်မရာသုံးလာတဲ့ ဖုန်းပါ။ The Elec ရဲ့ သတင်းအရ Galaxy A72 မှာ Penta-Lens ကင်မရာ ပါရှိမယ်လို့ ဆိုပါတယ်။ ကင်မရာအနေနဲ့ 64MP main sensor ၊ 12MP ultra wide ၊ 3x zoom ဆွဲနိုင်မယ့် 8MP telephoto ၊ 5MP macro နဲ့ 5MP depth sensor တို့ သုံးသွားဖို့ ရှိပါတယ်။

ပေါက်ကြားလာတဲ့ ဒီဇိုင်းအရ ကျောဘက်ဘယ်ဘေးကပ် ထောင်လိုက်စတုဂံကင်မရာ Cutout နဲ့ လာမယ်လို့ ပြထားပါတယ်။ Samsung အနေနဲ့ Galaxy S20 FE ရဲ့ 3x zoom 8MP ကင်မရာကို Galaxy A71 မှာ သုံးသွားမှာ ဖြစ်ပြီး Optical Image Stabilization စနစ်လည်း ပါလာမယ်လို့ ဆိုပါတယ်။ 

အစောပိုင်းသတင်းတွေအရလည်း Galayx A72 ဟာ OIS ရုပ်ငြိမ်စနစ်ပါတဲ့ ပထမဆုံး A-Series ဖုန်း ဖြစ်မယ်လို့ ဖော်ပြထားပါတယ်။ ဆယ်လ်ဖီကင်မရာအနေနဲ့ ရှေ့ဘက်ကင်မရာတစ်လုံးတည်း သုံးသွားဖို့ ရှိပြီး 32MP sensor ဖြစ်မယ်လို့ ဆိုပါတယ်။ မျိုးဆက်သစ် A-Series တွေအနေနဲ့ Quad Camera ပါ Galaxy A52 ကိုလည်း မိတ်ဆက်သွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က