အောက်တိုဘာ လလယ်ထဲ ကြေညာသွားဖို့ရှိပါတယ်။

တရားဝင်မိတ်ဆက်ကြေညာမှု မလုပ်ခင် တစ်ပတ်ကြိုပြီး iPhone 12 ထုတ်ကုန်များ လက်ကားဆိုင်ကြီးတွေဆီ ဝင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

နာမည်ကြီး iPhone သတင်းပေးတစ်ဦးဖြစ်တဲ့ ဂျွန်ပရော့ဆာကတော့ သူ့ရဲ့ Twitter မှာ iPhone 12 ပထမသုတ် တင်ပို့မှုကို အောက်တိုဘာ ၅ ရက် တနင်္လာနေ့ ကနေ စတင်သွားမယ်လို့ ပြောထားပါတယ်။ ပထမသုတ် တင်ပို့မှုမှာ ၅.၄ လက်မအရွယ် iPhone 12 mini နဲ့ ၆.၁ လက်မအရွယ် iPhone 12 တို့ကို 64GB, 128GB နဲ့ 256GB ဗားရှင်းသုံးမျိုးနဲ့ အရင် တင်ပို့သွားမယ်လို့ ဆိုပါတယ်။



Photo: pocketnow

ပိုပြီး high-end ကျတဲ့ iPhone 12 Pro နဲ့ iPhone 12 Pro Max တို့ဟာ 128GB storage ဗားရှင်းကနေ စတင်မိတ်ဆက်သွားမှာ ဖြစ်ပြီး ဒီမော်ဒယ်တွေ ဈေးကွက်ထဲ ဝင်တဲ့ ရက်ကိုတော့ ထပ်စောင့်ရဖို့ ရှိပါတယ်။ ပရော့ဆာရဲ့ အဆိုအရ iPhone 12 မိတ်ဆက်မှုကို အောက်တိုဘာ ၁၃ ရက်နေ့မှာ လုပ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အခုထိတော့ Apple ဘက်က မိတ်ဆက်မယ့်ရက်အကြောင်း တရားဝင်ကြေညာချက် မထုတ်သေးပါဘူး။ ဒီနှစ်ထဲ ထွက်မယ့် iPhone 12 စီးရီးဟာ လေးထောင့်စပ်စပ် Flat edge နဲ့ လာပြီး မော်ဒယ်အားလုံးမှာ OLED panel ပါမယ်လို့ ဆိုပါတယ်။ နောက်ဆုံးပေါ် A14 Bionic chipset သုံးသွားမှာ ဖြစ်ပြီး 5G ကွန်ရက် ချိတ်ဆက်မှု ပါလာဖို့လည်း ရှိပါတယ်။

အပြာရောင် ကာလာသစ် သုံးလာပြီး power adapter ဒါမှမဟုတ် EarPods တော့ ထည့်သွင်းလာဖို့ မရှိတော့ပါဘူး။ ဈေးနှုန်း ဒေါ်လာ ၆၅၀ (မြန်မာငွေ ၈ သိန်းခွဲ) ဈေးကနေ စတင်ရောင်းချသွားမယ်လို့ သတင်းတွေထွက်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က