လာမယ့်နှစ် Galaxy Z Fold ဖုန်းတွေမှာ ဒီနည်းပညာကို မြင်ရမလား

Samsung ဟာ Galaxy Z Fold ဖုန်းပတ္တာမှာ ရောင်စုံ LED အလင်းတစ်ခု ထည့်ဖို့အတွက် မူပိုင်ခွင့်တင်ထားတယ်လို့ ဆိုပါတယ်။

တတိယဗားရှင်းဖြစ်လာမယ့် Galaxy Z Fold 3 သစ်မှာ ဖျောက်ထားတဲ့ ပတ္တာ Hinge ထဲမှာ Light Indicator တစ်ခု ထည့်သွားမယ်လို့ မူပိုင်ခွင့်သစ်က ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လထဲမှာ Samsung Electronics ဟာ အလင်းအချက်ပြစနစ် ပါတဲ့ လျှပ်စစ်ထုတ်ကုန်တစ်ခုအတွက် နည်းပညာမူပိုင်ခွင့်တစ်ခု တင်ခဲ့ပါတယ်။



Photo: letsgodigital

ကမ္ဘာ့ဉာဏပိုင်ဆိုင်မှု အဖွဲ့အစည်း WIPO က ဒီမူပိုင်ခွင့်ရဲ့ အချက်အလက်တွေကို အောက်တိုဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ Samsung ဟာ မူပိုင်ခွင့်ပုံရိပ်အတွက် အခြေခံအနေနဲ့ Galaxy Fold ကို သုံးခဲ့ပါတယ်။ အလင်းအချက်ပြ Indicator စနစ်ဟာ ပတ္တာမှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ LED အလင်းထုတ်ပစ္စည်းတွေ ထည့်ထားတဲ့ Strip အိမ်ကို အလင်းဖောက်ကာဗာနဲ့ အုပ်ထားမှာပါ။

အနီ ၊ အပြာ ၊ အစိမ်းနဲ့ အဖြူရောင် အလင်းတွေ ပါဝင်ပြီး အမြင်အာရုံကို လှည့်စားတဲ့ အထူးပြုလုပ်ချက်တွေနဲ့ ပေါင်းစပ်ပြီး အလင်းကာလာမျိုးစုံ ထုတ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ Light Indicator ဟာ ဖုန်းအဝင်ခေါ်ဆိုမှုတွေ ၊ မက်ဆေ့နဲ့ Noti သစ်တွေ ဝင်လာတိုင်း သတိပေးသွားမှာပါ။ Light Strip ကြောင့် ဖုန်းကို အဝေးကနေ မြင်သာမှာ ဖြစ်ပါတယ်။

ဒီနည်းပညာကို Galaxy Z Fold 3 မှာ သုံးသွားမလားဆိုတာကတော့ ပြောဖို့ စောသေးပါတယ်။ နောက်နှစ် နှစ်ဆန်းပိုင်းမှာတော့ Galaxy S21 ဖုန်းသစ်နဲ့အတူ နောက်ထပ် Foldable ဖုန်းသစ်တစ်မျိုးကို မြင်ရဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က