ယူရို ၅၅၀ နဲ့ ၇၅၀ အကြား ဈေးဖြစ်ဖို့ ရှိပါတယ်

အောက်တိုဘာ ၁၄ ရက်နေ့ မိတ်ဆက်သွားမယ့် OnePlus 8T ရဲ့ တရားဝင် teaser ဗွီဒီယို တက်လာခဲ့သလို ဒီဖုန်းအကြောင်း အချက်အလက်တစ်ချို့လည်း သိရပြီ ဖြစ်ပါတယ်။

OnePlus ဟာ ဒီနှစ်မှာ T series အနေနဲ့ OnePlus 8T တစ်မျိုးပဲ ထုတ်သွားမှာ ဖြစ်ပါတယ်။ ဒီမော်ဒယ်ဟာ အရင်ထွက်ထားတဲ့ ဖုန်းတွေလို Curved display မျိုး မဟုတ်တော့ဘဲ Flat Panel နဲ့ လာမှာပါ။ OLED panel ရဲ့ အပေါ် ဘယ်ဘက်ထောင့်မှာ punch hole ကင်မရာပေါက်တစ်ခု ထည့်ထားပြီး ကျောဘက်မှာ စတုဂံထောင်လိုက်ပုံစံ ကင်မရာဒီဇိုင်းသုံးထားပါတယ်။




JD.com မှာ တင်ထားတဲ့ အချက်အလက်တွေအရ ဒီဖုန်းဟာ 120Hz refresh rate နဲ့လာမှာ ဖြစ်ပြီး 65W fast charging သုံးသွားမယ်လို့ ဆိုပါတယ်။ ပုံမှန် မြင်ရတဲ့အတိုင်း ကျောဘက်မှာ L ပုံစံ ကင်မရာလေးလုံးတွဲ ထည့်ထားပြီး Light Temperature sensor နဲ့ Dual-LED flash တို့လည်း ထည့်ထားပါတယ်။

၈.၄ မီလီမီတာ ထုထူပြီး ၁၈၈ ဂရမ် လေးမှာပါ။ OnePlus 8T မှာ ဆွဲဆောင်မှုရှိပြီး တည်ငြိမ်တဲ့ Aquamarirne Green ကာလာလည်း ထွက်မှာပါ။ OnePlus ကတော့ ဒီဖုန်းဟာ မျက်နှာပြင် ၆.၅၅ လက်မရှိမှာ ဖြစ်ပြီး OnePlus 8 အတိုင်း FHD+ Resolution ပါရှိမယ်လို့ အတည်ပြုထားပါတယ်။

ဒီဖုန်းမှာ သုံးသွားမယ့် processor အကြောင်း မသိရသေးပေမယ့် Snapdragon 865 Plus SoC သုံးလာမယ်လို့ ခန့်မှန်းထားပြီး RAM 8GB နဲ့ 12GB ဆိုပြီး နှစ်မျိုးထွက်လာနိုင်ပါတယ်။ ဘက်ထရီပါဝါ 4500mAh ဖြစ်ဖို့ ရှိပြီး 5G ဖုန်းတစ်လုံးအနေနဲ့ မြင်ရဖို့ ရှိပါတယ်။ လောလောဆယ် ကြားနေရတဲ့ ဈေးနှုန်းအရဆိုရင် ယူရို ၅၅၀ (မြန်မာငွေ ၈ သိန်း ၃ သောင်းခန့်) နဲ့ ယူရို ၇၅၀ (မြန်မာငွေ ၁၁ သိန်း ၃ သောင်း) အကြား ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က