5nm HiSilicon Kirin chip နဲ့ လာမှာပါ

"Leap Further Ahead" ဆိုတဲ့ ကြွေးကြော်မှုနဲ့အတူ Huawei ရဲ့ ပရီမီယံ Mate စီးရီး စမတ်ဖုန်းသစ်တွေ ကြေညာမယ့်ရက် ထွက်လာပြီ ဖြစ်ပါတယ်။

Huawei Mate 40 series သစ်တွေကို အောက်တိုဘာ ၂၂ ရက်နေ့ မိတ်ဆက်သွားမှာ ဖြစ်ပြီး မိတ်ဆက်ပွဲကို YouTube ၊ Facebook နဲ့ Twitter တို့ပေါ်မှာ Livestream လွှင့်သွားမှာပါ။ Apple နဲ့ ရှေ့ဆင့်နောက်ဆင့် ဖုန်းသစ်ကြေညာသွားမယ့် Huawei ဟာ iPhone 12 စီးရီးလိုပဲ ‌မော်ဒယ် ၄ မျိုးနဲ့ ထုတ်သွားဖို့ ရှိပါတယ်။



Photo: Huawei Update


Huawei Mate စီးရီးသစ်အနေနဲ့ Huawei Mate 40 ၊ Mate 40 Pro ၊ Mate 40 Pro + နဲ့ Porsche Design Huawei Mate 40 RS မော်ဒယ်တို့ကို ကြေညာသွားမှာပါ။ ဒီဖုန်းသစ်တွေဟာ Huawei ရဲ့ နောက်ဆုံးပေါ် အဆင့်မြင့် 5nm HiSilicon Kirin chipset ကို သုံးလာမှာ ဖြစ်ပါတယ်။ 

Huawei Mate 40 စီးရီးရဲ့ ဒီဇိုင်းကတော့ နှစ်အစကတည်းက သတင်းထွက်နေတဲ့ ဒီဇိုင်းနဲ့ပဲ လာဖို့ ရှိပါတယ်။ ဘေးဘောင်ကွေး OLED display ရဲ့ အပေါ်ဘယ်ထောင့်မှာ ဆေးတောင့်ပုံစံ selfie ကင်မရာအုံ သုံးသွားဖို့ ရှိပါတယ်။ Face Unlock အတွက် TOF 3D Sensor လည်း cutout ထဲမှာ ထည့်သွင်းလာဖို့ ရှိပါတယ်။

EMUI 11 Promo ဗွီဒီယိုအရ Huawei Mate 40 series ဟာ 66W SuperCharge အားသွင်းနည်းပညာ ပံ့ပိုးပေးထားပါတယ်။ ‌ကျောဘက်မှာ စက်ဝိုင်းပုံကင်မရာဒီဇိုင်း သုံးထားပြီး Zoom လုပ်ဆောင်ချက် ပါတဲ့ ကင်မရာသစ်လည်း ပါဝင်လာမယ်လို့ သတင်းထွက်ထားပါတယ်။ တရုတ်ဈေးကွက်မှာ အောက်တိုဘာ ၃၀ ရက်နေ့ စတင်ရောင်းချသွားဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က