Huawei ရဲ့ စိတ်လှုပ်ရှားဖို့အကောင််းဆုံး ပရီမီယံဖုန်း

ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီရဲ့ အမိုက်စား ပရီမီယံဖုန်းအကြောင်း သတင်းတွေက စိတ်ဝင်စားဖို့ ကောင်းသထက်ကောင်းလာပြီ ဖြစ်ပါတယ်။

Huawei Mate 40 series ကို အောက်တိုဘာ ၂၂ ရက်နေ့မှာ မိတ်ဆက်သွားမှာ ဖြစ်ပြီး Pro မော်ဒယ်အကြောင်းကို နာမည်ကြီး ဖုန်းသတင်းသမား Roland Quandt က ဖွင့်ချလိုက်ပြီ ဖြစ်ပါတယ်။ Roland Quandt ဆီက လာတဲ့ သတင်းဖြစ်လို့ တိကျဖို့ အလားအလာများသလို ဖုန်းသစ်မိတ်ဆက်ဖို့ကလည်း ရက်ပိုင်းပဲ လိုတော့တာ ဖြစ်လို့ သေချာသလောက် ရှိပါတယ်။




Photo: gizmochina

ဒီဖုန်းဟာ display နဲ့ ဘေးဘောင်နှစ်ခုစလုံး ကွေးညွှတ်ထားတဲ့ ဘောင်တွေ ပါရှိမယ်လို့ ဆိုပါတယ်။ display ကို ကြည့်လိုက်တာနဲ့ ဘေးအနား ဘောင်တွေ မရှိအောင် ဖျောက်လိုက်တဲ့ ဒီဇိုင်းသုံးထားပါတယ်။ ဘေးဘောင်ကွေးညွှတ်မှုအနေနဲ့ Huawei P40 Pro ထက် ပိုမြင့်မှာပါ။ ထူးခြားတာက အရင်နှစ် Huawei Mate 30 Pro လိုမျိုး virtual button မျိုး မဟုတ်ဘဲ ခလုတ်တွေ သုံးသွားဖို့ ရှိနေပါတယ်။

မျက်နှာပြင် ၆.၇၆ လက်မနဲ့ လာပြီး Huawei Mate series ထဲမှာ အကြီးဆုံးအရွယ်အစား ဖြစ်ဖို့ ရှိပါတယ်။ screen ရုပ်ထွက်အနေနဲ့ 1344 x 2772px ရုပ်ထွက်ပါရှိပြီး refresh rate အကြောင်းတော့ ပြောမထားပါဘူး။ ပရီမီယံဖုန်းဖြစ်တာကြောင့် အနည်းဆုံး 90Hz သုံးလာနိုင်ပါတယ်။ ရှေ့ဘက်မှာ punch hole ကင်မရာဒီဇိုင်းနဲ့ dual selfie ကင်မရာ သုံးလာဖို့ ရှိပါတယ်။ 

Photo: GSMArena

ရှေ့ဘက်မှာ လက်အမူအယာ‌တွေပါ ဖတ်ရှုနိုင်မယ့် 13MP selfie ကင်မရာနဲ့ depth sensor တစ်ခုလည်း သုံးလာဖို့ ရှိပါတယ်။ Pro မော်ဒယ်ဟာ ကျောဘက်မှာ စက်ဝိုင်းပုံကင်မရာဒီဇိုင်း သုံးထားပြီး ရုတ်တရပ်ကြည့်မယ်ဆိုရင် iPod click wheel နဲ့ ဆင်နေပါတယ်။ ကင်မရာအနေနဲ့ OIS ရုပ်ငြိမ်စနစ်ပါ 50MP main sensor နဲ့ လာမှာ ဖြစ်ပြီး ဒီကင်မရာဟာ 8K video ရိုက်ကူးနိုင်တဲ့အပြင် ကာလာထွက်ပိုကောင်းစေဖို့ dual tone LED flash နဲ့ သဘာဝအလင်း ကာလာ sensor တို့ ပါရှိပါတယ်။

ကင်မရာ cutout ထဲမှာ 5x optical zoom ပါ 12MP tele ကင်မရာ ၊ 20MP ultrawide sensor တို့အပြင် Laser Autofocus ၊ color temperature sensor နဲ့ LED flash တစ်ခုလည်း ပါရှိမှာ ဖြစ်ပါတယ်။ processor အနေနဲ့ Huawei ရဲ့ အဆင့်မြင့်ဆုံး 5nm Kirin chip ဖြစ်တဲ့ Kirin 9000 chipset နဲ့လာပြီး RAM 12GB အထိ ထွက်လာဖို့ ရှိပါတယ်။

Kirin 9000 chipset ဟာ octa-core အမျိုးအစား ဖြစ်ပြီး 2.54GHz ARM Cortex-A55 cores လေးခု ၊ 2.54GHz Cortex-A77 cores သုံးခုနဲ့ 3.13GHz single Cortex-A77 core တို့ နဲ့ ဖွဲ့စည်းထားတာပါ။ တွဲပြီးသုံးမယ့် ARM Mali-G78 GPU ဟာ အစောပိုင်းထွက်ထားတဲ့ benchmarks အရ Kirin chipset သစ်ဟာ ဂရပ်ဖစ်စွမ်းဆောင်ရည်အားဖြင့် Snapdragon 865+ SoC ထက် သာတယ်လို့ ဆိုပါတယ်။

Photo: gizmochina


ဥရောပဈေးကွက်မှာ Huawei ဟာ RAM 8GB/256GB UFS 3.1 storage နဲ့ ဖြန့်ချိသွားဖို့ စီစဉ်ထားပြီး storage ကို Nano Memory cards ကနေ တစ်ဆင့် ထပ်တိုးနိုင်မှာပါ။ Huawei Mate 40 Pro သစ်ဟာ 65W wired charging ပံ့ပိုးမှုပါတဲ့ 4400mAh နဲ့ လာဖို့ ရှိပြီး wireless charging နဲ့ reverse charging စနစ်တို့လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

သတင်းတွေအရ Huawei ဟာ အောက်တိုဘာ ၂၂ ရက်နေ့မှာ Huawei Mate 30 Pro E မော်ဒယ်တစ်ခုလည်း မိတ်ဆက်သွားဖို့ ရှိပါတယ်။ ဒီပွဲမှာ Huawei Mate 40 Pro ရဲ့ special edition တွေ ဖြစ်တဲ့ Porsche Design RS မော်ဒယ်နဲ့ ကင်မရာအဆင့်မြှင့်ထားတဲ့ Pro + မော်ဒယ်တို့ကိုလည်း ကြေညာသွားဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က