iPhone သမိုင်းမှာ ရောင်းအားအကောင်းဆုံး ဖုန်းမော်ဒယ်ဖြစ်လာနိုင်ပါတယ်။

ဈေးကွက်ထဲ ဝင်လာပြီ ဖြစ်တဲ့ iPhone 12 နဲ့ iPhone 12 Pro တို့ အဝယ်လိုက်ခြင်းကြောင့် Apple ဟာ supply chain မိတ်ဖက်တွေကို နောက်ထပ် အလုံးရေ ၂ သန်းအထိ တိုးထုတ်ဖို့ မှာနေတယ်လို့ ဆိုပါတယ်။

OLED screen နဲ့အတူ 5G ပါလာခြင်းက ဝယ်သူတွေ စိတ်ဝင်စားမှု မြင့်တက်စေတဲ့ အကြောင်းတစ်ခု ဖြစ်သလို Flat Frame ဒီဇိုင်းကလည်း iPhone သစ်တွေကို ဝယ်ချင်အောင် ဆွဲဆောင်ထားတာပါ။ Cinda Securities ရဲ့ အချက်အလက်အရ Apple ဟာ iPhone 12 စီးရီး ဝယ်လိုအားဟာ အလုံးရေ သန်း ၈၀ နဲ့ ၈၅ သန်းအထိ ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။



Photo: theweek


နောက်ထပ် ခန့်မှန်းမှုတွေအရ ၂၀၂၁ တစ်နှစ်လုံးအတိုင်းအတာနဲ့ iPhone သစ် အလုံးရေ သန်း ၂၃၀ နဲ့ ၂၄၀ အကြားအထိ တင်ပို့ရောင်းချနိုင်မယ်လို့ ဆိုပါတယ်။ Apple ရဲ့ စံချိန်တင် ရောင်းအားအကောင်းဆုံးဖုန်းစီးရီးဟာ iPhone 6 နဲ့ 6 Plus ဖြစ်ပြီး ခန့်မှန်းခြေ အလုံးရေ ၂၂၂.၄ သန်းအထိ တင်ပို့နိုင်ခဲ့တာပါ။

iPhone 12 စီးရီးဟာ Apple ရဲ့ သမိုင်းမှာ ရောင်းအားအကောင်းဆုံး iPhone တွေ ဖြစ်လာဖို့ ရှိပါတယ်။ နာမည်ကြီး Apple Analyst တစ်ဦးဖြစ်တဲ့ မင်ချိကုအိုကတော့ iPhone 12 နဲ့ iPhone 12 Pro တို့ကို pre-order မှာယူမှုဟာ စုစုပေါင်း ၇ သန်း နဲ့ ၉ သန်းအကြား ရှိမယ်လို့ ဆိုပါတယ်။

iPhone 12 နဲ့ iPhone 12 Pro တို့ဟာ စုစုပေါင်း iPhone 12 series တင်ပို့မှုရဲ့ ၆၀နဲ့ ၇၀% အကြား ရှိနိုင်ပြီး နိုဝင်ဘာလထဲမှာ ဈေးကွက်ဝင်မယ့် iPhone 12 Mini နဲ့ iPhone 12 Pro Max တို့ကတော့ ရောင်းအားစုစုပေါင်းရဲ့ ၁၅ နဲ့ ၂၀% အတွင်း ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က