မတ်လထဲမှာ မိတ်ဆက်ပြသသွားဖို့ ရှိပါတယ်။

LG ဟာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ Rainbow နဲ့ B Projects ဆိုတဲ့ စီမံကိန်းနှစ်ခုကို အာရုံစိုက်သွားဖို့ ရှိပါတယ်။

Rainbow project ဟာ လက်ရှိ flagship မော်ဒယ် V-series ပိုင်းကို အဆင့်မြှင့်တင်မယ့် ပရောဂျက်တစ်ခု ဖြစ်ပြီး B project ဟာ ခေါက်လိပ်နိုင်မယ့် Rollable Screen သုံးဖုန်းတစ်လုံးကို ထုတ်လုပ်ဖို့ ဖြစ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ B Project ဟာ မြင်နေကျဖုန်းဒီဇိုင်းတွေနဲ့ ကွဲထွက်နေတဲ့ ဆန်းသစ်မှုဘက်ကို သွားမယ့် ဖုန်းဖြစ်ပါတယ်။



Photo: gizchina


ဒါဟာ LG Wing စမတ်ဖုန်းကို ထုတ်ခဲ့တဲ့ LG Explorer project ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ LG ရဲ့ B Project ထုတ်ကုန်သစ်ဟာ မတ်လထဲမှာ ထွက်လာဖို့ ရှိပြီး ဒီဖုန်းရဲ့ နောက်မှာ Rainbow ပရောဂျက်ဖုန်းကိုလည်း ၂၀၂၁ ခုနှစ် ပထမသုံးလပတ်အတွင်း မိတ်ဆက်သွားဖို့ ရှိပါတယ်။

တောင်ကိုရီးယားသတင်းဌာနတစ်ခု ဖြစ်တဲ့ The Elec သတင်းအရ LG ဟာ ဒီနှစ်ထဲမှာ စမတ်ဖုန်းအလုံးရေ ၂၆ သန်းဝန်းကျင် တင်ပို့နိုင်ဖို့ မျှော်လင့်ထားပြီး လာမယ့်နှစ်မှာ သန်း ၃၀ နဲ့ ၄၀ အကြား တင်ပို့နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဖော်ပြထားပါတယ်။ အောက်တိုဘာလဆန်းပိုင်းမှာ ထွက်‌ပေါ်လာတဲ့ သတင်းတွေအအရ LG ထုတ် ကမ္ဘာ့ပထမဆုံး Rollable စမတ်ဖုန်းအတွက် တရုတ်မှ BOE panels တွေ သုံးသွားမယ်လို့ ဆိုပါတယ်။

LG ရဲ့ ခေါက်လိပ်နိုင် စမတ်ဖုန်း screen ဟာ ဖြန့်ထားချိန်မှာ ၈ လက်မအရွယ်အစားအထိ ရှိနိုင်ပြီး OLED panel အမျိုးအစား ဖြစ်ဖို့ ရှိပါတယ်။ ဖုန်းရဲ့ ပါဝါခလုတ်ဟာ display အပေါ်ထိပ်နားမှာ ရှိမယ်လို့ ဆိုပါတယ်။ အသေးစား လေးထောင့်စတုဂံပုံ Casing အိမ်ရဲ့ အပေါ် sub-display တစ်ခုရဲ့ထိပ်နားမှာ အလင်းထုတ်နိုင်တဲ့ glass window တစ်ခု နဲ့ လာပြီး လိပ်ထားနိုင်တဲ့ roll-up screen လိုပဲ အကြောင်းအရာတွေ ဖော်ပြနိုင်ဖို့ ရှိပါတယ်။

Photo: gizchina

ရှေ့ဘက်ခြမ်းမှာ Rollable display ကို Unlock လုပ်နိုင့်ဖို့အတွက် ခပ်ရှည်ရှည် ခလုတ်တစ်ခုလည်း တပ်ဆင်ထားဖို့ ရှိပါတယ်။ လေးထောင့် Casing ဟာ display ကို လက်နဲ့ ဆွဲထုတ်နိုင်အောင် ခပ်ထူထူ ဒီဇိုင်းနဲ့ ထုတ်ပြီး Roll-up / Roll-out လုပ်ဖို့အတွက်လည်း physical ခလုတ်နှစ်ခုတပ်ဆင်ထားပါတယ်။ 

နောက်ထပ် စိတ်ဝင်စားစရာတစ်ခုက လေးထောင့်အိမ်ထဲမှာ Stylus Pen တစ်ခုအတွက် နေရာပေးထားတာ ဖြစ်ပါတယ်။ အချက်အလက်တွေ အတော်များများကတော့ ကောလာဟလအဆင့်မှာပဲ ရှိသေးတာ ဖြစ်ပြီး နောက်နှစ်နှစ်ဆန်းပိုင်းမှာ အချက်အလက်တွေ ပိုပြီး သိလာရဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က