ဒီဇိုင်း ပြောင်းလာပါပြီ

iPhone 12 ဘောင်ဒီဇိုင်း သုံးထားတဲ့ Nova ဖုန်းတစ်လုံးကို ဒီတစ်ပတ်ထဲ ကြေညာသွားဖို့ ရှိပါတယ်။

Huawei Nova 8 SE ဖုန်းသစ်ဟာ flat frame နဲ့ လာပြီး ပါဝါနဲ့ အသံတိုးလျှော့ခလုတ် ဒီဇိုင်းတွေဟာလည်း iPhone 12 စတိုင် ရှည်သွယ်သွယ် ပုံစံနဲ့ ထွက်လာမှာပါ။ နိုဝင်ဘာ ၅ ရက်နေ့မှာ တရုတ်ဈေးကွက်ထဲ ကြေညာသွားမှာ ဖြစ်ပြီး Weibo လူမှုကွန်ရက်မှာ ဒီဖုန်းအကြောင်း အချက်အလက် အတော်များများ ထွက်ပေါ်ထားပါတယ်။



Photo: techgenyz


ဒီဖုန်းရဲ့ ထူးခြားချက်က iPhone သစ်တွေရဲ့ ဒီဇိုင်းကို တုပထားခြင်းပဲ ဖြစ်ပြီး ဘောင်ဟာ လေးထောင့်ပုံစံ သုံးလာတာပဲ ဖြစ်ပါတယ်။ ရှေ့ဘက် screen ကတော့ Waterdrop notch ဒီဇိုင်းပဲ သုံးသွားဖို့ ရှိပြီး မှန်ပြင်အောက်လက်ဗွေကိုလည်း သုံးလာဖို့ ရှိပါတယ်။ ဘောင်အနေနဲ့ ၇.၄၆ မီလီမီတာပဲ ထူပြီး ၁၇၈ ဂရမ်ပဲ လေးဖို့ ရှိတယ်လို့လည်း သတင်းထွက်နေပါတယ်။

Digital Chat Station ရဲ့ Weibo အကောင့်အရ Nova 8 SE ဟာ ၆.၅၃ လက်မ FHD+ OLED panel နဲ့ လာပြီး standard refresh rate ဖြစ်တဲ့ 60Hz ပဲ သုံးသွားမယ်လို့ ဆိုပါတယ်။ ကျောဘက်မှာ စတုရန်းကင်မရာအိမ်နဲ့ 64MP Quad cameras တွဲ သုံးထားပြီး 8MP ၊ 2MP နဲ့ 2MP ကင်မရာတွေနဲ့ တွဲဖက်သွားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

Photo: huaweiupdate

ထူးခြားတာက ဒီဖုန်းဟာ chipset နှစ်မျိုးနဲ့ ဗားရှင်းနှစ်မျိုး ထွက်လာမယ်ဆိုတာပါပဲ။ Huawei Nova 8 SE ဟာ Dimensity 720 နဲ့ Dimensity 800U processor ဗားရှင်းနှစ်မျိုး ထွက်လာဖို့ ရှိပြီး ဘက်ထရီပါဝါဟာ 3800mAh သုံးလာဖို့ ရှိပါတယ်။ အားသွင်းမှုအပိုင်းအနေနဲ့ 66W fast charging အထိ ပံ့ပိုးသွားဖို့လည်း ရှိပါတယ်။

တကယ်လို့ iPhone 12 ဒီဇိုင်းကို သဘောကျမယ်ဆိုရင် Nova 8 SE ဟာ စိတ်ဝင်စားစရာကောင်းမယ့် Mid-range ဖုန်းတစ်လုံး ဖြစ်မှာပါ။ Android 10 စနစ်နဲ့လာပြီး Google Services တော့ ရမှာ မဟုတ်ပါဘူး။ နိုဝင်ဘာ ၅ ရက်နေ့မှာတော့ Nova 8 SE ရဲ့ အချက်အလက်နဲ့ ဈေးနှုန်းတွေ သိရတော့မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က